စားဖားများ
စည်းလုံးကြပြီလား
ဒီးဒိုး
အောက်တိုဘာ ၁၀၊ ၂၀၁၂
သမ္မတကြီးကပြောတယ်။ အခြေခံဥပဒေအရ၊
လွှတ်တော်တွေရော ပြည်သူတွေရောထောက်ခံရင် အမေစုကို သမ္မတနေရာလွဲပေးမည်။ အ
မေစုကလည်းပြောပါတယ်။ အခြေခံဥပဒအရ လွတ်တော်ထဲမှာရော ပြည်သူတွေဆန္ဒအရ သမ္မတနေရာကို
ယူပေးပါဆိုလျှင် ယူပေးနိုင်၊ ယူ ရဲနိုင်ရမယ်လို့ ဆိုပါတယ်။
ဒီနေ့တော့လည်း တယောက်အပြစ်ကို
တယောက်ခွင့်လွှတ်၊ နေရာအတွက်ပဒနမထားဘဲ ပြည်သူတွေဆန္ဒကို ဖြည့်ဆည်းဖို့ လုပ်ဆောင်
နေကြတာများ မုဒိတာပွားစရာ၊ကြည်နူးစရာကောင်းလိုက်တာဗျာ။
ဒီသမ္မတနေရာအတွက် ပြည်သူတွေဆန္ဒကို
အလေးထားလိုက်ကြတာများ ၀မ်းသာပီတိဖြစ်မိပါရဲ့။ ဒီလိုပြည်သူတွေဆန္ဒကို လစ်လျူရှုနေ
လာခဲ့ကြတာများ ရာစုနှစ်ကျော်ပေါ့။
ဒီကနေ့တော့ ကျွန်တော်ဖြင့်
ခရစ်ယာန်ဘာသာဖြစ်ပေမယ့် ဗုဒ္ဒဘာသာစကား “သာဓု” ကိုယူသုံးပြီး နှစ်ကြိမ်လောက်လောက်
ခေါ်ဆိုလိုက် ချင်ရဲ့။ “သာဓု …သာဓု” ပါဗျာ။
မင်းကလည်း “သာဓု” ဆိုတာ သုံးကြိမ်ခေါ်ရတာ
ဘာလို့ နှစ်ကြိမ်ဘဲခေါ်တာလည်းလို့ အပြစ်မြင်နေကြမလား မသိဘူး။ မသိနားမလည်တဲ့
အမိုက်မဲမို့ပါလို့ဘဲ ပြောပါရစေတော့။
ဘာလို့လည်းဆိုတော့ ငယ်ငယ်က
ကျွန်တော်ကို ထိန်းတဲ့ဆရာကို “ဆရာ ကျွန်တော်အရက်ပြတ်ပါပြီ” လို့ပြောရင် အဲဒီဆရာက
အေးအေး “သာဓု …သာဓု” ပါဗျာတဲ့။ ကျွန်တော်က ဆရာကလည်း “သာဓု” ဆိုတာ
သုံးကြိမ်ခေါ်ရတာလေဆိုတော့။
“ခွေးမြီးကောက်
ကျည်တောက်စွပ်ပါကွာတဲ့။ တကယ်ပြတ်တယ်လို့ ငါယုံကြည်တဲ့နေ့ရရင် နောက်သာဓုတခေါက်
ထပ်ခေါ်ပေးမယ် လာ ယူ” တဲ့ဗျ။
ကဲ ဒီတော့ ကျွန်တော်က
အမေစုနဲ့သမ္မတကြီးကို ဘာလို့သာဓုနှစ်ကြိမ်ဘဲ ခေါ်နိုင်တာတုန်း။ ကျွန်တော်လို
ဘာမဟုတ်တဲ့ကောင်ကများ ဆိုပြီး လစ်လျူရှုထားကြမလား။ မလုပ်နဲ့လေ။ ကျွန်တော်က အမေစုရော
သမ္မတကြီးပါအလေးထားတဲ့ ပြည်သူတွေထဲက ပြည်သူတ ယောက်ဗျ။
ကျွန်တော်စဉ်းစားမိတာ ဒီကနေ့
ပြည်သူတွေအလေးထား တောင်းဆို လိုလားနေတာ သမ္မတကြီးနေရာစွန့်လွှတ်ရေး၊ အမေစု သမ္မတနေရာ
ယူရေး မဟုတ်လောက်ဘူးဗျ။ သူတို့တွေကလည်း တကယ်ပြောနေတာတော့ မဟုတ်လောက်ပါဘူး။
ဒါပေမယ့် သူတို့နှစ်ယောက် ဒီ နေရာအတွက် ရိပ်ပေး သံဖမ်းပြောနေကြပြီ။
ဘာကြောင့်လဲဗျာ…ဘာကြောင့်လဲ စဉ်းကို မစဉ်းစားတတ်တော့ဘူး။
ကချင်ပြည်နယ်ကလူတွေက ကချင်ပြည်နယ်မှာ
သေနတ်သံတွေငြိမ်းဖို့ တောင်းဆိုနေကြတယ်။ ရခိုင်ပြည်မှာ ရခိုင်ပြည်သူတွေက ရိုဟင်
ဂျာကုလားတွေရန်ကလွတ်ကင်းဖို့ တောင်းဆိုနေကြတယ်။ ရှမ်းပြည်မှာ
ငြိမ်းချမ်းရေးလုပ်ထားပြီးမှာ တိုက်တိုက်နေလို့ တောင်းဆိုနေကြ တယ်။ လယ်သမားတွေက
လယ်ယာမြေတွေ သိမ်းခံနေရလို့ သူတို့ရဲ့ရပိုင်ခွင့် အတွက်တောင်းဆိုနေကြတယ်။
စာနယ်ဇင်းသမားတွေက စာနယ်ဇင်းလွတ်လပ်ခွင့်၊ ရုပ်ရှင် ဂီတက ရုပ်ရှင်ဂီတအတွက်
တောင်းဆိုနေကြတယ်။
ဘယ်လောက်တောင်
တောင်းဆိုသလဲကြည့်လိုက်တော့ လမ်းပေါ်ထွက်တဲ့အထိတောင် တောင်းဆိုနေကြတယ်။ ခင်ဗျားတို့
ကြားမိသလား ဗျ။ ဘယ်နေရာမှာ ဦးသိန်းစိန်ကြီးကို သမ္မတနေရာက ဖယ်ပေးဖို့
လမ်းပေါ်ထွက်တောင်းဆိုတာ။ အမေစုကို သမ္မတနေရာယူပေးဖို့ ဆန္ဒပြ
ထုတ်ဖော်တာတွေလေ။။ ခင်ဗျားတို့်တတွေကြားရင် လက်တို့ပေးစမ်းပါဗျာ။
ခုတော့ ပြည်သူတွေ
အမှန်တကယ်တောင်းဆိုနေတဲ့အရာတွေကို လစ်လျူရှုပြီး သမ္မတနေရာအတွက် ပြောနေကြပြီ။ ဒါဆို
ခုတ်တာ တခြား ရှရာတနေရာ ဖြစ်မနေတော့ဘူးလား။
သမ္မတကြီးက ပြောတယ်။ တပ်မတော်က
စည်းကမ်းသေ၀ပ်တဲ့တပ်မတော်၊ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ပါဘူးတဲ့။
လုပ် တယ် မလုပ်တယ်ဆိုတာ သမ္မတကြီးပြောမှမဟုတ်ပါဘူး။ တကယ်ခံစားခဲ့ရတဲ့သူတွေရဲ့ဆန္ဒကို
တရားဥပဒအတိုင်း ဖော်ထုတ်ပေးဖို့ သမ္မ တရဲ့အခွင့်ကို သုံးခွင့်မရှိဘူးလား။ ငါ
သမ္မတပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာပိုအရေးပါမလဲ။
ဘယ်ဟာကိုပိုယုံမလဲဆိုတဲ့အတွေးအခေါ် ဒီနေ့ စွန့်လွှတ်သင့်ပါပြီ။
ပြည်သူတွေရဲ့ဆန္ဒနဲ့လွှတ်တော်၊
အခြေခံဥပဒေကိုလေးစားလိုက်နာမယ်ဆိုရင် ပြည်သူတွေ အမှန်ကို သမ္မတကြီးကို
ပြောပြနိုင်ခွင့် လမ်း ကြောင်းပေးပါ။
အမေစုကလည်း ပြောပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုရင်တော့
ဘယ်အဖွဲ့အစည်းကိုမဆို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ် တဲ့။ ကောင်းလိုက်တဲ့
အဆိုပါဘဲ။ ကြိုက်နှစ်သက်ကြလွန်းလို့ လက်ခုပ်သံတွေတောင် ဆူညံသွားတယ်။ ကျွန်တော်လည်း
ကြိုက်တယ်။ ထောက်ခံတယ်။ တကယ်တော့ ပြည်သူတွေ အမှန်တကယ်လိုအပ်နေတာ ပြောနေဖို့မဟုတ်တော့ပါဘူး။
လုပ်ဆောင်ဖို့ပါ။ သမ္မတကြီးက လည်း ငါ့တပ်မတော်က ဒီလိုမလုပ်ဘူးဆိုတာကို
ပြောနေဖို့မဟုတ်ဘူး။ လုပ်တယ် မလုပ်ဘူးဆိုတာကို တကယ်သက်သေပြပေးဖို့နဲ့ တ ကယ်ဘဲ
တပ်မတော်ကို မတရားစွပ်စွဲတာဆိုရင် မတရားစွပ်စွဲတဲ့သူကို အပြစ်ပေးဖို့ပါ။ တကယ်လို့
တပ်မတော်က ကျူးလွန်တယ်ဆိုရင်လည်း တပ်မတော်က တာဝန်ရှိသူတွေကို အပြစ်ပေးဖို့ပါ။
အမေစုအနေနဲ့ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်ဆိုတဲ့စကားကို စင်မြင့်ပေါ် မှာ
ပြောနေရုံနဲ့ မပြီးပါဘူး။ အဲဒီ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်ဆိုတဲ့စကားကို
အကောင်အထည်ဖော်ဖို့နဲ့ အမှန်တရားကို ဖော်ထုတ် လုပ်ဆောင်ဖို့ လိုပါတယ်။
အဲဒီတော့ ဒီကနေ့သမ္မတကြီးနဲ့
အမေစုရဲ့ဆန္ဒတွေကို ကျွန်တော်ပြည်သူတယောက်အနေနဲ့ ကြားသိခဲ့ရပြီ။ ဒီဆန္ဒတွေကို
အကောင်အထည် ဖော်မယ့်နေ့ဟာ ဘယ်နေ့လဲ ကျွန်တော်သိချင်စမ်းရဲ့ဗျာ။
ဟိုးအရင်က
ဗိုလ်ချူပ်အောင်ဆန်းပြောခဲ့သလို လွတ်လပ်ရေးရအောင် ကျွန်တော်လုပ်နေပါတယ်။ အဲဒီ
ခင်ဗျားတို့ လိုချင်တဲ့လွတ်လပ်ရေးကို တနှစ်အတွင်း ရအောင်ယူပေးမယ်။
ကျွန်တော်တို့ပြည်သူတွေ လိုချင်နေတာ အဲဒါမျိုးဗျ။
သမ္မကြီးရော အမေစုကော
ပြောခဲ့တဲ့စကားတွေ ဘယ်တော့လဲဗျာ။
ဒီကနေ့ မြန်မာနိုင်ငံဟာ
စတင်ပြောင်းလဲခါစမို့ အမှားမခံပါဘူး။ နောက်ကြောင်းပြန်လှည့်နိုင်ပါတယ်။
အလွန်နူးညံ့ သိမ့်မွေ့ရပါမယ်။ ပြောဦးမှာလားဗျာ…။ ဘယ်လောက် ဖြေးဖြေးလုပ်မှာလဲဗျာ။
Norm ဆိုတဲ့စံတခုကို သိချင်တယ်။ ဒါဆိုရင် အလုပ်တခုကို အမှားမခံနိုင်ဘူးဆို တာ
စိုးရိမ်လို့လား ကြောက်လို့လား။ နောက်ကြောင်းပြန်လှည့်မှာကို ကြောက်လို့လား။
ဒါဆိုရင်တော့ real Freedom is free from fear ဆိုတဲ့စကားနဲ့ မကိုက်ညီတော့ပါဘူး။
ဗိုလ်အောင်ဆန်းက
ရဲဘော်သုံးကျိပ်ကိုဖွဲ့စည်းပြီး အင်္ဂလိပ်ကိုတိုက်တာ ဒီစစ်တပ်ကို
စတင်ဖွဲ့စည်းခါစမို့ အမှားမခံဘူးလို့ မပြောဘူး။ ခုမှ စတင်ဖွဲ့စည်းခါစမို့
တိုက်ပွဲငယ်တွေဘဲ တိုက်မယ်မပြောဘူး။ အင်အားကြီးမားတဲ့နယ်ချဲ့တွေကိုတိုက်ထုတ်တော့
ငါ့စစ်တပ် မဖြစ်နိုင်လောက် ဘူးလို့ မပြောဘူး။ အမှန်တရားနဲ့
လုပ်ဆောင်ရမယ့်ပန်းတိုင်အတွက် ပန်းတိုင်ကိုဘဲ ကြည့်ခဲ့တယ်။ ကြားက ဘာဖြစ်မှာ
မို့လို့၊ ဘာကြောင့်မို့လို့ ဆိုတာမရှိဘူး။
အမေစုနဲ့သမ္မကြီးကို
ဗိုလ်အောင်ဆန်းနဲ့နှိုင်းပြောရတာကလည်း နှစ်ယောက်စလုံးကို
ဗိုလ်အောင်ဆန်းလိုခေါင်ဆောင်မျိုး ဖြစ်လိမ့်မယ် မ ဟုတ်ဘူးဖြစ်တယ်လို့
ယုံကြည်နေလို့ပါဘဲ။
ကျွန်တော်ကဘဲ အလျင်လိုနေလို့လား
မသိပါဘူးနော်။ အမေရိကန်သမ္မတဟောင်းစကားကို ကြည့်လို့ပြောအုန်းမလား မသိဘူး။
ကျွန်တော် ဟာ ဖြေးဖြေးဘဲ လျောက်တယ်။ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူးဆိုတာကို
ထောက်အုန်းမလား။ အမှန်ပြောရရင် ဟိုအရင် စောမောင် ပြောတဲ့စကား
ဆန္ဒမစောကြပါနဲ့ဆိုပြီးတဲ့အဓိပ္ပါယ်ဟာ ငါ့ကို ဖြေဖို့ စဉ်းစားခွင့်ပေးပါအုန်း
ဖြစ်နေအုန်းမှာ။ နောက်ထပ် ငါ့တို့ အာဏာ ဘယ် လိုဆက်ဖို့ စဉ်းစားခွင့်ကို
တောင်းဆိုသလိုမျိုး။
ဗိုလ်အောင်ဆန်းက နယ်ချဲ့ဆိုတဲ့
တိုင်းတပါးဆီက လွတ်လပ်ရေးယူဖို့ တနှစ်တဲ့။ အခု ကျွန်တော်တို့်ပြည်မှာဖြစ်နေတာ
တနှစ် မကတော့ဘူး။ သိကြရဲ့လား..။ ဘယ်တော့လဲဗျာ။
ဟိုအရင်က နေ၀င်းပြောခဲ့တဲ့စကားကို
ခင်ဗျားတို့ခေါင်းထဲ ထည့်မှတ်ထားနေကြသလား။ “လူနပ် ချမ်းသာ” တဲ့။ လူ၊ နတ်
ချမ်းသာတယ် မသာတယ်တော့ မသိတော့ပါဘူ။ လူနပ်ချမ်းသာအောင်တော့ မလုပ်ကြပါနဲ့တော့။
တကယ်တော့ ပြည်သူတွေဆိုတာ တကယ့်ကို
ဘာမှမသိနားမလည်တဲ့သူတွေပါဗျာ။ တကယ်လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့သူတွေ ကို
ကြည့်ပါ။ တကယ်ကို ရိုးသားဖြူစင်တဲ့သူတွေပါ။
အမေစုကိုရော သမ္မတကြီးကပါ ငါတို့တော့
ဒီလိုဟေ့ဆိုရင် အဲဒီ အခွင့်ထူးခံမဟုတ်တဲ့ အချိုးအဖောက်ခံပြည်သူတွေက သမ္မတကြီးနဲ့
အမေစု စကားအတိုင်းလိုက်နာကြမှာပါ။ အမေစုရော သမ္မတကြီးပါ ခုလိုနေရာတွေရဖို့
အဲဒီချိုးဖောက်ခံပြည်သူတွေ ပြုံးပန်းဝေေ၀နဲ့ မဲတွေ ပေးခဲ့ကြတာ မမေ့စေချင်ပါဘူး။
လူနတ် ချမ်းသာအောင်ဘဲ လုပ်ပါဗျာ..။ လူနပ်အဖြစ်တော့ မလုပ်ပါနဲ့။
သမ္မတကြီးရော အမေစုပါ
ပြည်သူတွေကလိုလားလို့ သမ္မတနေရာကို ယူနိုင်ရဲတဲ့သတ္တိရှိကြရင် ဒါမှမဟုတ် သမ္မတနေရာကို
စွန့်လွတ်ရဲတဲ့ သတ္တိရှိရင် အဲဒီပြည်သူတွေရဲ့ လောလောဆယ်ဆယ် ပြဿနာတွေကို
ဖြေရှင်းပေးနိုင်တဲ့သတ္တိရှိ ပေးပါ။
တပါးနိုင်ငံမှာ အပြစ်တွေ ခွင့်လွတ်ကြ၊
လက်ခုပ်သံတွေ ဖြောင်းဖြောင်းဝေနေတာတွေ ခံစားကြ။ အဲဒီနောက်မှာ ကျွန်တော်တို့
အနှိမ်ခံ၊ အချိုးဖောက်ခံနေရတဲ့ ပြည်သူတွေဆီ တခါတခေါက်လောက်လာပြီး
ပြည်သူတွေရဲ့မျက်ရည်များကိုကြည့်ဖို့ဆန္ဒလေး မရှိဘူးလားဗျာ။
အဲဒီနိုင်ငံခြားကပြည်သူတွေရဲ့
လက်ခုပ်တီးသံလောက်မညံနိုင်ပေမယ့် တခါတခေါက်လောက် အရောက်လာမယ်ဆိုရင် သမ္မတကြီးရော
အမေစုနေရာအတွက် ရင်ဘတ်ကြီးထဲကနေ မျက်ရည်လက်ခုပ်သံတွေဟာ နှစ်ယောက်စလုံးရဲ့နေရာအတွက်
အပြည့်အ၀ဖြစ်နေမှာပါ။
နောက် ကျွန်တော်သိတာတစ်ခုကတော့
လက်တွေမပါတဲ့အသိဟာ မသိတာထက်ဆိုးတယ်တဲ့။ သမ္မတကြီးရော အမေစုပါ ဘာလုပ်ရမယ်
ဆိုတဲ့အသိတော့ ရှိနေကြပြီ။ ဒါပေမယ့် လက်တွေ့လိုက်မလုပ်နိုင်ခဲ့ရင်တော့
နောက်ရာစုဝက် စစ်ဖိနပ်အောက်ဆက်နေဖို့ ပြည်သူတွေ အားတင်းထားကြရမှာပါ။
ကျွန်တော်ကတော့ အမေစုရဲ့
လူ့အခွင့်အရေးချိုးဖောက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်ဆိုတဲ့စကားရဲ့နောက်က
ဘယ်လို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါလိမ့်ဆိုတာကို အရမ်း သိချင်နေမိတယ်။ အဲလိုဘဲ
အမေစုပါးစပ်ကမချတဲ့ ပြည်သူတွေကလည်း သိချင်နေ လိမ့်မယ်။ ထို့အတူ သမ္မတကြီးရဲ့
ပြည်သူတွေအပေါ် စစ်တပ်က မတရားတာမလုပ်ပါဘူးဆိုတာကို ဘယ်လိုသက်သေပြမလဲ သိချင်စမ်းပါ့။
လွတ်တော်မှာရှိတဲ့သူတွေနဲ့ ပြည်သူတွေလည်း စိတ်ဝင်တစား မျှော်လင့်နေကြမှာဘဲ။
မြောက်ပိုင်းက စစ်ပွဲဒဏ်
အလူးအလိမ့်ခံနေရတဲ့ ကချင်များ၊ ရခိုင်မှာ တခြားတပါးသားရဲ့ လွန်ကျူးမှုခံနေရတဲ့
ရခိုင်သွေးချင်းများ၊ လယ် ယာတွေ သိမ်းပိုက်ခံလိုက်ရတဲ့ တောင်သူလယ်သမားများနဲ့
လူအခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်တွေအားလုံးက သမ္မတကြီးရဲ့ နေရာ စွန့်လွှတ်ရဲတဲ့
သတ္တိ၊ အမေစုရဲ့ ပြည်သူအားလုံးရဲ့ဆန္ဒသာရှိမယ်ဆိုရင် ပြည်သူတွေအတွက် သမ္မတနေရာ
ရယူပေးရဲတဲ့သတ္တိအတွက် ဂုဏ်ယူနေကြပါတယ်။
ထို့အတူ သူတို့လေးတွေရဲ့
ချိုးဖောက်ခံ၊ အနှိမ်ခံဘ၀ကို တရားဥပဒေအကြောင်းအရ ကျောသား ရင်သားမခွဲခြားဘဲ တာဝန်ယူ
ဖြေရှင်းပေး နိုင်မယ့်သတ္တိရှိနေကြမယ်လို့ မျှော်လင့်နေကြရဲ့ဗျာ….။
အခုလို
အတိတ်အကြောင်းကိုသင်ပုန်းချေလို့ ရှေ့ဆက်လက်တွဲ့ ညီညီညွတ်ညွတ်ရှိကြတာ
တိုင်းပြည်တပြည်ရဲ့အနာဂတ်အတွက် ကောင်း မှ တကယ့်ကိုကောင်းပါတယ်ဗျာ.။ ဒါပေမယ့်
ဗိုလ်အောင်ဆန်းရဲ့စကားကိုလည်း ကြားကြားယောင်တာ ကျွန်တော်က နောက်ပြန်ဆွဲသမား၊ မယုံကြည်တတ်သူဖြစ်နေမလား
မသိတော့ပါဘူး။
အဲဒီစကား ကြားဖူးကြမှာပါ။။။ ညီညွတ်တာ
ကောင်းပါတယ်။ သိပ်ကိုကောင်းပါတယ်။ ဒါပေမယ့် စာဖားတွေ ညီညွတ်တာတော့ မကောင်း
ဘူးတဲ့ဗျ။
ကဲ
ပြဿနာအရင်းအမြစ်ကိုရှာဖွေတွေ့ရှိပြီး
ဘယ်အချိန်အတွင်းဖြေရှင်းနိုင်မယ်ဆိုတဲ့လမ်းစကို အမြန်ဆုံးရှာဖွေ
တွေ့ရှိနေစေချင်တော့တာပါ ဘဲဗျာ။
ကျွန်တော်တော့ သာဓု သာဓု
နှစ်ကြိမ်ခေါ်တယ်ဗျာ..။ နောက်တကြိမ်တော့ ပြည်သူတွေရဲ့ဆန္ဒကို စပြီး
အမှန်တကယ်ဖြေရှင်းပါပြီဆိုပြီး တရားဝင်ကြေငြာတဲ့နေ့ကြ သာဓု နောက်တကြိမ်ခေါ်မယ်ဗျာ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.