ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး(၁)
မန်ကျည်ဒိန်ယိန်း
ဒေါ်စု
လွှတ်တော်ထဲဝင်မယ်ဆိုတော့ ဒေါ်စုက ပွား နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုပီး လိုတာထက်
ပိုပီး ဦးဝင်းတင်က မြှောက်ပေးခဲ့တယ်။
တခါ
ကျမ်းကျိန်စာသားနဲ့ ပတ်သက်ပီး ဒေါ်စုတယောက် လွှတ်တော် တက်ရကောင်းနိုး မတက်ရကောင်းနိုး
ဝေခွဲမရ ဖြစ်နေချိန်မှာ လွှတ်တော်ထဲက တိုင်းရင်းသားပါတီတချို့က ဒေါ်စုကို
လာသာလာပါဆိုပီး ပင့်ကြတယ်။ ဒေါ်စုကို လိုတာထက်ပိုပီး အထင်ကြီးတဲ့
တိုင်းရင်းသားပါတီတွေအဖို့တော့ ဒေါ်စုသာ လွှတ်တော်တက်ရင် လွှတ်တော် အင်အား
ချိန်ခွင်လျှာ ပြောင်းသွားမယ်လို့ ထင်ခဲ့ကြပုံရတယ်။
တကယ်တန်း
ဒေါ်စု လွှတ်တော်ထဲရောက်တော့ ဒေါ်စုတယောက် ထဘီ အကျီ စုံချပ၀ါတွေ ပွား နေတာကလွဲပီး
နိုင်ငံရေးအရ ဘာမှ မပွားနိုင်တာကို မြန်မာပြည်သူတွေ ပြည်တွင်း သံဃာတော်တွေ
သတိထားမိလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေါ်စုကို အားနာတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း
မဝေန်ဖန်ဘဲ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။
အခြေခံဥပဒေ
ပြင်ဆင်မယ် စစ်တပ်ကို စည်းရုံးမယ်ဆိုတဲ့ ဒေါ်စုဟာ လွှတ်တော်ထဲက စစ်ဗိုလ်တယောက်တောင်
စကားပြောခွင့်ရရဲ့လားဆိုတာ မေးစရာပါ။
သေချာတာကတော့
ဒေါ်စုဟာ လွှတ်တော်တက်တဲ့အချိန်ကနေ ဒီနေ့ထိ ပြည်သူအတွက် နိုင်ငံရေးပြုပြင်မှုတွေ
ရွေးကောက်ပွဲ ရည်မှန်းချက်တွေ ဘာမှ အကောင်အထည် မဖော်နိုင်တာ ထင်ရှားပါတယ်။
ပြည်သူအတွက်
ဘာမှ မလုပ်နိုင်တဲ့ ဒေါ်စုဟာ ဦးသိန်းစိန်အစိုးရ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ
လူရာဝင်ရေးအတွက် ၂ ကြိမ်တိုင်တိုင် (ခုထိ) ပခုံးနဲ့ ထမ်းတင်ခဲ့တာ တွေ့ရပါတယ်။
ပထမအကြိမ်က
အန်အယ်ဒီပါတီ ပြန်မှတ်ပုံတင် ဒေါ်စုက ရွေးကောက်ပွဲဝင်မယ်လို့
ကြေငြာတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲအပီး စမ်းတ၀ါးဝါးနဲ့ ၂၀၁၄ အာဆီယံ
ဥက္ကဌလုပ်ရေးမှာ သိက္ခာမရှိဖြစ်နေတဲ့ အစိုးရကို ဒေါ်စုက ပခုံးနဲ့
ထမ်းတင်ပေးခဲ့တာဖြစ်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုကိုယ်တိုင် အမတ်ဖြစ်လာပီး
အန်အယ်ဒီအနိုင်ရချိန်မှာ ဒေါ်စု အရောင်တင်ပေးလိုက်လို့ သိန်းစိန်အစိုးရ နိုင်ငံတကာ
အမြင်မှာ ကံဇာတာ တက်လာချိန်လို့ ဆိုရမှာဖြစ်တယ်။
မကြာခင်က
အမေရိကန်ခရီးစဉ်အတွင်းမှာ မြန်မာအပေါ် ဒဏ်ခတ်ထားတဲ့ ဆန်ရှင်တွေ ဖွင့်ပေးသင့်ပီလို့
ဒေါ်စုပြောလိုက်ချိန်ဟာ သိန်းစိန် အစိုးရကို ဒုတိယအကြိမ် ခေါင်းပေါ်ရွက်
မတင်ပေးလိုက်တာ ဖြစ်ပါတယ်။
နယူးရောက်
အထွေထွေ ညီလာခံတက်ဘို့ သိန်းစိန် ရောက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီမှာတင်
သိန်းစိန်ကနေ အခြေခံဥပဒေ နားမလည်သူတွေ ၀မ်းသာသွားအောင် ပြည်သူတွေ လိုလားရင်
ဒေါ်စုလဲ သမတဖြစ်နိုင်ပါတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။
သိန်းစိန်ဟာ
အခြေခံဥပဒေ ၂၀၀၈ ဖြစ်လာအောင် နည်းအမျိုးမျိုးနဲ့ ညစ်ပတ်ခဲ့တဲ့ အမျိုးသားညီလာခံကို
ဥက္ကဌလုပ် ဦးဆောင်ခဲ့သူပါ။ အခြေခံဥပဒေ ၂၀၀၈ အရ ဒေါ်စု ဘယ်လိုနည်းနဲ့မှ သမတ ဒုသမတ
လုပ်လို့မရအောင် ကာကွယ်ထားတာ သိထားတဲ့အတွက် ပြည်သူတွေ လိုလားရင် ဒေါ်စုလဲ သမတဖြစ်နိုင်ပါတယ်လို့
တမင် ခပ်ထေ့ထေ့ ပြောလိုက်တာကို အခြေခံဥပဒေ နားမလည်တဲ့ လူညံ့တွေ ဒေါ်စုကို
မျက်စေ့မှိတ် ကြည်ညိုသူတွေက အဟုတ်မှတ်ပီး ဘ၀င်လေဟပ် ကုန်ပါတယ်။
တကယ်တော့
ဒေါ်စုဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အများစုနဲ့နိုင်ရင်တောင် ချက်ချင်း
သမတဖြစ်ဘို့ အခွင့်အလမ်း မရှိပါ။ ဒေါ်စုကြည့်ရတာ လောလောဆယ် သိန်းစိန်အစိုးရကို
အချိုသပ် လိုက်လျောရင်း ၂၀၁၅ မှာ အပြတ်နိုင်အောင်လုပ်ပီး အစိုးရဖွဲ့နိုင်ရေးကို
ဦးတည်နေပုံရပါတယ်။ ဒေါ်စုအနီးကပ် လူယုံတွေ၊ ဒေါ်စုထောက်ခံသူတွေ အတော်များများကလဲ
၂၀၁၅ အတွက် အန်အယ်ဒီ အမတ်လောင်း ထောင်ကျော်ထဲမှာပါနိုင်အောင် သူ့ထက်ငါ
အစာမာန်ခုတ်ရင်း အားပြိုင်နေတာ ဒေါ်စုကိုယ်တိုင်ကတောင် လူပါးမ၀ကြနဲ့
ပြောယူရတဲ့ထိပါဘဲ။ ဒါကြောင့် ဒေါ်စုရဲ့ လတ်တလော နိုင်ငံရေးမဟာဗျူဟာက
သိန်းစိန်အစိုးရ မျက်နှာညိုမဲ့စကားမပြောမိအောင် မလုပ်မိအောင် ၀စီပိတ်တရား
ကျင့်ရေးသာဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒါဆိုရင် ရန်သူကို အတော်အထင်သေးရာ
ကျသွားမှာဖြစ်တယ်။ သန်းရွှေက ရီလိမ့်မယ်။ ကလေးကွက်ဆိုပီး။
မြန်မာအစိုးရကို
လာတွေ့တဲ့ နိုင်ငံတကာ ခေါင်းဆောင် အတော်များများဟာ သိန်းစိန်နဲ့တွေ့ပီးတိုင်း
ဒေါ်စုကို အိမ်လာတွေ့ သတင်းစာရှင်းပွဲတွေ လုပ်လေ့ရှိပါတယ်။ လာတဲ့ အနောက်အုပ်စု
ခေါင်းဆောင် အတော်များများဟာ ဒေါ်စုကို ချစ်ခင်လို့လာတွေ့လာထက် သူတို့တိုင်းပြည်က
ကုမ္မဏီတွေ လုပ်ငန်းရှင်တွေ မြန်မာဈေးကွက်ဝင်လာရင် ဒေါ်စုဘက်က မကန့်ကွက်အောင်
မျက်နှာချိုသွေးဖို့ ဒေါ်စု ထောက်ခံချက်ရဘို့ ရည်ရွယ်တာ များပါတယ်။
အစိုးရဘက်ကကြည့်ရင်
ဒေါ်စုအိမ်ကသတင်းစာရှင်းပွဲတွေဟာ ရန်ကုန်မြို့ပေါ်က စင်ပြိုင်အစိုးရလေးလို့ မြင်မှာ
အမှန်ဖြစ်ပီး အစိုးရသိက္ခာပါ ကျဆင်းစေတာမို့ ဒေါ်စုကို မျက်မုန်းကျိုးနေမှာဖြစ်တယ်။
တချိန်ထဲမှာပဲ အမေရိကန်အစိုးရက ဒေါ်စုပြောတာ အကုန်ထောက်ခံပီး ဒေါ်စုနဲ့
စည်းဝါးကိုက်လုပ်နေတာမို့ ဒေါ်စုဟာ စစ်အစိုးရတဖြစ်လဲ သိန်းစိန်အစိုးရအတွက် အသားထဲက
ဆူးညောင့်တခုလို့ လက်ရှိအစိုးရက မြင်မှာဖြစ်ပါတယ်။
ဒီကြားထဲ
၂၀၁၂ ကြားဖြတ်ရွေးကောက်မှာ ဒေါ်စုအပေါ် လူထုထောက်ခံမှုကို မြင်လိုက်ချိန်မှာ
ဒေါ်စုကို ၂၀၁၅ မတိုင်ခင် ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဖယ်ရှားမလဲဆိုတာ
ကြံ့ဖွံ့ပါတီဘက်က စဉ်းစားထားပြီး ဖြစ်ဘို့များပါတယ်။
အစိုးရဘက်ကိုကြည့်ရင်လဲ
အကျပ်အတည်းဖြစ်ပါတယ်။ ဒေါ်စုကို အခြေခံဥပဒေ ၂၀၀၈ ဂွင်ထဲကနေ တဖြည်းဖြည်းကြပ်ပေးရင်း
နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်နိုင်အောင် သိက္ခာတက်လာပေမဲ့ အစိုးရတွင်း
အုပ်စုတိုက်ပွဲတွေ ရှင်းနေရဆဲဖြစ်ပါတယ်။
အထင်ရှားဆုံးဖြစ်ရပ်ကတော့
ဒုသမတ တင်အောင်မြင်ဦးပြုတ်သွားအောင် သိန်းစိန်ကို တွန်းခဲ့တယ်လို့
ပြန်ကြားရေးဝန်ကြီး(ဟောင်း) ကျော်ဆန်းစွပ်စွဲခဲ့သူတွေထဲမှာပါတဲ့ ၀န်ကြီး
စိုးသိန်း၊ ၀န်ကြီးအောင်မင်း စတဲ့သူတွေကို သမတရုံးကို ဆွဲထုတ် kick upstair
လုပ်ပီး ချောင်ထိုးခဲ့ပါတယ်။ တင်အောင်မြင်ဦးနဲ့ မဟာမိတ်ဖြစ်တဲ့
ဝန်ကြီးကျော်ဆန်းကိုလဲ ပြန်ကြားရေးကနေ သမ၀ါယမ၀န်ကြီးဌာနကိုပြောင်း
ချောင်ထိုးခဲ့ပါတယ်။
ဝန်ကြီးအောင်မင်းဆိုရင်
တင်အောင်မြင်ဦးကို ဆန့်ကျင်ခဲ့ရုံမက ထိုင်းမြန်မာနယ်စပ်က ကေအန်ယူကို ၂
ခြမ်းကွဲအောင် စည်းရုံးနိုင်ခဲ့သူ မဲဆောက်အခြေစိုက် အတိုက်အခံအဖွဲ့တွေကို
စည်းရုံးနိုင်ခဲ့သူဖြစ်လို့ လက်မထောင်ပီး တစင်မထောင်နိုင်ခင် minister without
portfolio အနေနဲ့ သန်းရွှေက လက်ဦးအောင် ချောင်ထိုးခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးကျော်ဆန်းကိုတော့ တင်အောင်မြင်ဦးဂိုဏ်းသားအနေနဲ့ ဖြိုခွဲရုံသာမက ၀ါဒဖြန့်
နိုင်ငံရေး ခေတ်ကုန်ပြီ အသုံးချစရာမလိုတော့ဆိုတဲ့သဘောနဲ့ သမ၀န်ကြီးပေး
ချောင်ထိုးခဲ့တာဖြစ်ပါတယ်။
တချိန်ထဲမှာပဲ
တင်အောင်မြင်ဦးအစား ဘယ်သူ့ကို စစ်တပ်က ဒုသမတလောင်း တင်မြှောက်မလဲဆိုတဲ့
ပြသနာဝင်လာပါတယ်။ တင်အောင်မြင်ဦးဟာ ဒုသမတ ၂ ဦးအနက် စစ်တပ်က
ရွေးချယ်တင်မြှောက်ခဲ့သူဖြစ်တယ်။ စိုင်းမောက်ခမ်းကတော့
အရပ်သားဖြစ်ပီးကြံ့ဖွံ့ပါတီဝင် ဖြစ်နေတာတောင် အရပ်သားဆိုတဲ့အမြင်ကြောင့်
သိန်းစိန်အစိုးရက မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် တင်အောင်မြင်ဦးရှိနေချိန်မှာ
အခမ်းအနားတက် ဒုသမတအဖြစ်သာ ဘာတာဝန်မှမပေးပဲ ချောင်ထိုးထားတာဖြစ်တယ်။
တင်အောင်မြင်ဦးကိုတော့
စစ်ဗိုလ်ချုပ်ဖြစ်ရုံမက စစ်တပ်က တင်မြှောက်တဲ့ ဒုသမတဖြစ်တာမို့
ဝန်ကြီးဌာနတွေကိုထိန်းချုပ်ရင်း သမတကိုယ်စား အရေးကြီးတဲ့ Administrative Functions
တွေကို ကိုင်ခိုင်းလို့ အရှိန်အ၀ါ အာဏာကြီးထွားလာရုံမက ၀န်ကြီးတွေက ကြောက်လာရတဲ့
အခြေအနေဖြစ်ခဲ့တယ်။ ဒီမှာတင် တင်အောင်မြင်ဦးကို ၀န်ကြီးအောင်မင်း ခေါင်းဆောင်တဲ့
၎ ဦးဂိုဏ်းက တွန်းချ တိုက်ခဲ့တာပါ။
ဒီအတွေ့အကြုံအရ
တင်အောင်မြင်ဦးအစား ဥာဏ်ထွန်းကို ဒုသမတ ခန့်တဲ့အခါ သိန်းစိန်အစိုးရမှာ ပြသနာ ၂
ခုဝင်လာပါတယ်။ တခုက ဥာဏ်ထွန်းကို တင်အောင်မြင်ဦးလို အုပ်ချုပ်ရေးအာဏာပေးပီး ၀န်ကြီးဌာနတွေ
အကိုင်ခိုင်းရမလား၊ သမတ ဦးသိန်းစိန် နိုင်ငံခြားသွားရင် ဥာဏ်ထွန်းကို ခေတ္တ သမတ
ပေးလို့ရမလားဆိုတဲ့ ပြသနာပါ။
အခြေခံဥပဒေအရ
ဒုသမတ ၂ ဦးအနက် မဲအများဆုံးရသူကိုသာ ခေတ္တသမတ ပေးရမယ်လို့ ဆိုထားပါတယ်။
တင်အောင်မြင်ဦးက ၂၀၁၀ ရွေးကောက်ပွဲမှာ စိုင်းမောက်ခမ်းထက် မဲများလို့
တာဝန်ကြီးကြီးပေးပီး ခေတ္တသမတ ပေးနိုင်ပေမဲ့ ဥာဏ်ထွန်းကတော့ ကြားဖြတ်ရွေးထားတဲ့
ဒုသမတဖြစ်တာမို့ စိုင်းမောက်ခမ်းရတဲ့မဲနဲ့ ယှဉ်ခွင့်ရှိသလားဆိုတာ အခြေခံဥပဒေ ၂၀၀၈
မှာ ရှင်းရှင်းလင်းလင်း ရေးမထားတာ တွေ့ရပါတယ်။ အစိုးရကလဲ သူတို့ ၂ ဦး ဘယ်သူက
မဲသာသလဲ မကြေငြာရဲ ဖြစ်နေတယ်။ ဒါကြောင့် ဥာဏ်ထွန်းကို ခေတ္တသမတ ပေးရင်
အခြေခံဥပဒေနဲ့ ဆန့်ကျင်နေမှာဖြစ်ပါတယ်။
ဥာဏ်ထွန်းကို
ဝန်ကြီးဌာနတွေကိုင်ခိုင်းပီး အုပ်ချုပ်ရေးအာဏာပေးရင်လဲ စိုင်းမောက်ခမ်းအပေါ်
သိန်းစိန်မတရားလုပ်တာ ထင်ရှားမယ်။ ဒါကြောင့် ဥာဏ်ထွန်းကို ဒုသမတ မရွေးခင် စိုင်းမောက်ခမ်းကို
အရေးမပါတဲ့ ခရီးစဉ်တွေနဲ့ နိုင်ငံခြားလွှတ်ပီး လူထုကို အာရုံပြောင်းထားခဲ့တာပါ။
ဒီလို
သိန်းစိန်အစိုးရ အကျပ်အတည်း အမျိုးမျိုး ဖြစ်နေချိန်မှာ ဒေါ်စု ကယ်တင်ရှင်လုပ်ပီး
ဆန်ရှင်တွေဖွင့်ပေးဘို့ အမေရိကန်ကို တိုက်တွန်းလို့ သိန်းစိန်အစိုးရ
ထွက်ပေါက်ရသွားပါတယ်။
ပြည်သူတွေကိုကြည့်ရင်
၂၀၀၇ သံဃာ့အရေးအခင်းပီးကထဲက စီးပွားရေး ဆက်တိုက် ကျလာလိုက်တာ ခုဆိုရင်
မနက်အလုပ်မသွားခင် ထမင်းဝယ်မစားနိုင်လို့ ကျပ် ၃၀၀ တန် ခေါက်ဆွဲသုတ်ကို
(လိုက်ပွဲမမှာနိုင်ဘဲ) ထမင်းအဖြူ တပွဲနဲ့ တွဲစားနေသူတွေ ရန်ကုန် မှော်ဘီစတဲ့
မြို့ကြီးတွေ ရန်ကုန်မြို့သစ်တွေမှာ တွေ့ရတာ ၀မ်းနည်းစရာပါ။ တဘီသစ်တွေ အကျီသစ်တွေ
တရွှမ်းရွှမ်းနဲ့ စတိုင်ကျနေတဲ့ ဒေါ်စုကို အဲဒီခေါက်ဆွဲသုတ်ဆိုင်တွေမှာ ပြည်သူတွေ
ထမင်းဖြူနဲ ဘာလို့ရောစားနေရသလဲ သွားလေ့လာစေချင်ပါတယ်။
ဒါမှလဲ
၃၉ ဗိုက်ပူကြီးလို ဂျုံးဂျုံးကျနေတဲ့ မြန်မာ့နိုင်ငံရေးကို ဒေါ်စု နားလည်သွားမှာ
ဖြစ်ပါတယ်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.