ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း
(၃)
မန်ကျည်ဒိန်ယိန်း-----ရေးသည်
သိန်းစိန်အစိုးရရဲ့
အသွင်ကူးပြောင်းရေးကာလမှာ သမတကို ဒေါ်စုက အရောင်တင်ပေးလိုက် သိန်းစိန်က
မိန့်ခွန်းစာသားတွေနဲ့ ပြည်သူကို မှိုင်းတိုက်လိုက်လုပ်ပီး ကျီးဘုတ်မြှောက်
ဘုတ်ကို ကျီးမြှောက်လုပ်နေချိန်မှာ ပြည်သူတွေရဲ့ ဆင်းရဲမှုက တိုးလာတာသာ
တွေ့နေရပါတယ်။
အစိုးရက
ကုလသမဂ္ဂအကြိုက် ဆင်းရဲမွဲတေမှု ပပျောက်ရေး ကြွေးကြော်နေချိန်မှာ ပြည်သူတွေက
နှစ်လုံး သုံးလုံး ချဲလောင်းကစားနည်းတွေကိုသာ ပိုအားထားလာတာ တွေ့ရပါတယ်။
အစိုးရနဲ့ပေါင်းနေတဲ့
ခရိုနီတွေက တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် လှည့်ပတ်ငွေတွေက
သူတို့လက်မှာသာ စုနေတယ်။ ခရိုနီတွေလုပ်တာ စီးပွားရေးမဟုတ်ဘဲ စစ်အစိုးရဆီက
လုပ်ပိုင်ခွင့် rights ရေးထားတဲ့စာရွက်ကို ရအောင်ယူပီး ကားသွင်းမလား
ကန်ထရိုက်လုပ်ခွင့်ရောင်းစားမလား နည်းမျိုးစုံလုပ်နိုင်တာမို့
ငွေရအလွယ်ဆုံးနည်းတွေဖြစ်ပါတယ်။
ဥပမာ-ပြုတ်သွားတဲ့
ဒုသမတ တင်အောင်မြင်ဦးဆိုရင် ငွေတွေများလွန်းတော့ သူ့ PA ကတဆင့်
ရန်ကုန်အောင်သိဒ္ဓိရိပ်သာထဲမှာ ( တင်အောင်မြင်ဦးကိုယ်တိုင်
အောင်သိဒ္ဓိရိပ်သာထဲမှာနေပါတယ်) ရှိသမျှမြေကွက်တွေလိုက်ဝယ်ထားတာ
ကြောက်ခမန်းလိလိဖြစ်တယ်။ တခြားအိမ်မြေတွေလဲ မတန်တဆ၀ယ်ထားတယ်လို့ သိရပါတယ်။
တင်အောင်မြင်ဦးအိမ်ကို
Asia World ကုမ္မဏီက ကန်ဖို့ပြီး ဆောက်ပေးထားသလို
တင်အောင်မြင်ဦးအိမ်ကိုဝင်တဲ့လမ်းကိုလဲ Asia World ကဘဲ ကွန်ကရစ်လမ်း အကောင်းစား
ခင်းပေးထားတယ်။ ဒီလမ်းထဲမှာ (ရန်ကုန်အောင်သိဒ္ဓိရိပ်သာ ၃ လမ်း) တင်အောင်မြင်ဦး၊
သူ့အဖအိမ်နဲ့ သူညီ အင်ဂျင်နီယာဘွဲ့ရ အရက်ချက်စက်ရုံဆောက်နေသူ စိန်သောင်းဦးတို့ပါ
နေတယ်။ တင်အောင်မြင်ဦးမိသားစုလမ်းလို့တောင် ခေါ်နိုင်တယ်။
ဒီလိုလူတွေများနေတော့
သာမန်လူတွေက သမရိုးကျနည်းနဲ့ စီးပွားရှာစားဘို့ ခက်ကုန်တယ်။ ဒီမှာတင် နှစ်လုံး
သုံးလုံး ချဲလောင်းကစားနည်းတွေက အောက်ခြေလူထုအတွက် ထွက်ပေါက်လို ဖြစ်လာတယ်။
ဒါပေမဲ့ နှစ်လုံး သုံးလုံး ချဲလောင်းကစားနည်းကြောင့် ချမ်းသာသွားတဲ့ ထိုးသား
မတွေ့ရပဲ ဒိုင်တွေသာ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်ကုန်တယ်။ ရန်ကုန်က တချို့
ဒိုင်တွေဆိုရင် အပြင်မှာ လုပ်ရတာ စိတ်မချတဲ့နေ့တွေမှာ ပတ်သက်ရာ ဘုန်းကြီးကျောင်းတွေသွားပြီး
တယ်လီဖုန်း ၃ လုံးလောက်နဲ့ ချဲကစားတယ်။
ဒကာ
ဒကာမတွေဆီက အလှူအတန်းနည်းလာချိန်မှာ တချို့ဘုန်းကြီးတွေက ချဲနံပတ် ပေးတဲ့နည်းနဲ့
စီးပွားရှာလာပါတယ်။ ဥပမာ- မှော်ဘီမြို့စွန်က စမတစ်ထောင်ဆရာတော်၊ ဒါထိုးဆရာတော်၊
ပေါက်ဆိန်ဆရာတော်၊ သင်တောရိုးဆရာတော်စတဲ့ ဘုန်းကြီးတွေဟာ ချဲပေးတဲ့
ဘုန်းကြီးတွေအဖြစ် ထင်ရှားပါတယ်။ သင်တောရိုးဆရာတော်ကျောင်းက လယ်ကွက်ထဲက အသစ်စက်စက်
ရွှေည၀ါဆရာတော်ကျောင်းနဲ့ သိပ်မဝေးပါ။
စမတစ်ထောင်
ဆရာတော်ဆိုရင် မှော်ဘီ စုပေါင်းရုံးကားဂိတ်နားက ၀ါးတလူ အမည်ပေးထားတဲ့
လဘက်ရည်ဆိုင်နဲ့ စည်ဘီယာဆိုင်ကို ပိုင်သူဖြစ်ပီး စီးပွားတဘက် သာသနာတဘက်
လုပ်ကိုင်နေတဲ့ ဘုန်းကြီးဆိုတာ အဲဒီဒေသက လူတိုင်းသိပါတယ်။
ရန်ကုန်လှိုင်သာယာမြိုနယ်ထဲမှာဆိုရင်
ချဲဒိုင်ကိုင်ရုံမက အပြင်မှာ ငွေတိုးပေး စီးပွားရှာစားနေတဲ့
ကျောင်းထိုင်ဆရာတော်မျိုးတွေပါ ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ ကား ၂-၃ စီးထိ
ရှိပါတယ်။ ရင်းနှီးတဲ့ဒကာ ဒကာမတွေကတဆင့် ချဲဒိုင်ကိုင်ဘို့ ငွေထုတ်ပေးထားသလို
စိတ်ချရတဲ့ ဒကာ ဒကာမတွေကတဆင့် သိန်းရာနဲ့ချီပီး
ငွေတိုးပေးစားနေတွေရှိတယ်လို့ ရန်ကုန် ကျောင်းထိုင်ဆရာတော်တပါးအတွက် တချိန်က
ချဲဒိုင်ကိုင်ပေးခဲ့သူတဦးက ပြောပြပါတယ်။
တချို့
ရန်ကုန်က တရားရိပ်သာတွေဆိုရင်လဲ စိတ်ချရတဲ့ ဒကာ ဒကာမတွေကတဆင့် သိန်းရာထောင်ချီ
ငွေတိုးပေးစားရင်း စီးပွားရှာနေတာတွေရှိတယ်လို့ တိုက်အုပ်ဆရာတော်ကြီးတပါးက
အမိန့်ရှိပါတယ်။ ခုလို ဘုန်းကြိးတွေ ရိပ်သာတွေအတွက် ငွေတိုးပေးစားနေတာတွေဟာ
ဘုန်းကြီးအတွက်ရော ကိုယ့်အတွက်ပါ တွက်ခြေကိုက်လာမှန်းသိတဲ့ စီးပွားရေးသမားတွေကလဲ
ရန်ကုန်အနီးတ၀ိုက်က ငွေရှိမယ်ထင်တဲ့ ဘုန်းကြီးကျောင်းတွေကို ချဉ်းကပ်ပီး
ငွေတိုးပေးချင်ရင် လုပ်ကိုင်ပေးမှာဖြစ်ကြောင်း လာရောက်ဆွယ်တာမျိုးတွေရှိတယ်လို့
ကိုယ်တိုင်ကြုံရတဲ့ ဆရာတော်တပါး အမိန့်ရှိပါတယ်။
သိန်းစိန်အစိုးရလက်ထက်မှာ
လောဘဇောတိုက်နေတဲ့ ဘုန်းကြီးမျိုးတွေ ပေါ်ပေါက်လာသလို ဘုန်းကြီးအပေါ် ထိပ်ကွက်ပီး
ငွေတိုးပေးစားရင်း ကိုယ်တွက် ကျန်အောင် စီးပွားရှာစားနေသူမျိုးတွေ ပေါ်ပေါက်လာတာဟာ
တိုင်းပြည်စိးပွားရေး ချွတ်ခြုံကျရုံမက သာသနာပါ ပျက်စီးစပြုနေတာ
ဝမ်းနည်းစရာဖြစ်တယ်။ တချို ဘုန်းကြီးကျောင်းတွေဆိုရင် နေပြည်တော်
လွှတိတော်အမတ်တချို့ကို ဘီယာဆိုင်ထောင်ဘို့ ငွေထုတ်ပေးထားတာတောင် ရှိတယ်လို့
သိရတယ်။
မြန်မာနိုင်ငံရဲ့
စီးပွားရေး နိုင်ငံရေးအခြေအနေမှန်ကို ပန်းခင်းကို မြင်းစီးလျှောက်ကြည့်တာမျိုးနဲ့
သဘောပေါက်ဘို့ ခက်ပါတယ်။ ဒါကြောင့်လဲ သမတရုံးဝက်ဆိုက်က သတင်းဖတ်၊
အနောက်မီဒီယာတွေရေးတာဖတ်၊ ဒေါ်စုနဲ့သမတ သိန်းစိန်ပြောတာတွေသာ ဖတ်ပီး မြန်မာပြည်မှာ
ရတနာမိုးရွာနေတယ်ထင်နေသူ ပြည်ပရောက် မြန်မာတွေ ပြည်ပရောက် နိုင်ငံရေးသမားတွေ
အတော်များပါတယ်။ အောက်ခြေက ပြည်သူတွေထိ ဆင်းကြည့်မှ တွက်ရေးနဲ့ စက်သူဌေး
ကိုက်မကိုက် သိကြမှာပါ။
ဒီကြားထဲ
သိန်းစိန်ကလဲ ပြည်ပရောက် မြန်မာတွေ ပြန်လာဘို့ ဖိတ်ခေါ် ဒေါ်စုကလဲ လွှတ်တော်ထဲမှာ
ဖက်ရှင်ဆန်းတွေ အမျိုးမျိုးနဲ့ တက်ပြနေတော့ မြန်မာပြည်သူတွေ ပန်းခင်းတဲ့လမ်းကို
လျှောက်နေကြပလားလို့ ပြည်ပရောက်နေသူတွေ ထင်စရာရှိပါတယ်။
အောက်ခြေပြည်သူတွေအဘို့ကတော့
စောစောကပြောသလို စားဝတ်နေရေး ကျပ်တည်းနေတာနဲ့တင် သိန်းစိန်အစိုးရကို
စိတ်မ၀င်စားနိုင်သလို ဒေါ်စုကိုလဲ ဘာဝတ်ထားသလဲဆိုတာသာ လူငယ်အမျိုးသမီးအများစုက
စိတ်ဝင်စားကြပါတယ်။
သံဃာထု
အများစုက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း အန်အယ်ဒီကို သိသိသာသာ ထောက်ခံလာသလို
သူတို့ကိုင်တဲ့ လက်ကိုင်ဖုန်းတွေမှာတောင် အန်အယ်ဒီ တံဆိပ်ကပ်ထားတဲ့ ဘုန်းကြီးတွေလဲ
မြင်ရပါတယ်။
အထူးသဖြင့်
အသက် ၄၀ အောက် ရန်ကုန် သံဃာအသိုင်းအ၀ိုင်းကြား လက်ကိုင်ဖုန်းကိုင်တဲ့ အလေ့
ခေတ်စားလာသလို လက်ကိုင်ဖုန်းကို အင်တာနက်ချိန်ခပေးပီး (GSM အတွက် တမိနစ် ၂ ကျပ်။
CDMA အတွက် တမိနစ် ၄ ကျပ်) အင်တာနက်ချိတ်ပီး အချင်းချင်း ကြွားနေကြတာ
ယဉ်ကျေးမှုတခုလို ဖြစ်နေပါတယ်။
အမှန်တော့
လက်ကိုင်ဖုန်း အင်တာနက်နဲ့ အင်္ဂလိပ်လို မဖတ်တတ်သူ သံဃာတွေက အများစုဖြစ်တာမို့
သစ်ထူးလွင် သတင်းဘလော့က ရန်ကုန်မှာ ရေပန်းစားနေတာ သတိထားမိပါတယ်။ မွန်ပြည်နယ်က
အင်တာနက်ဆိုင်တွေနဲ့ ရန်ကုန်တ၀ိုက်က အင်တာနက်ဆိုင်တွေမှာလဲ သစ်ထူးလွင်
သတင်းဘလော့ဆိုက်ကို စက်တိုင်းရဲ့ Bookmarks toolbar ထဲမှာထည့်ပေးတာမျိုးထိ
တွေ့ရတယ်။
ရန်ကုန်က
အင်တာနက်ဆိုင်အတော်များများဆိုရင် speed က နှေးလွန်းတဲ့အတွက် gmail inbox
ရောက်အောင် login လုပ်ရတာ နာရီဝက်နီးပါးကြာတတ်သလို အခန့်မသင့်ရင် နာရီဝက်ကြာပီးမှ
error ဖြစ်ပိး အီးမေးပျောက်သွားတာလဲ ကြုံရပါတယ်။ ဥပမာ ဒေါက်တာလွဏ်းဆွေဘလော့က
သတင်းတခုဖတ်ဘို့ ထပ်ဖွင့်ရင် မပွင့်တော့တာမျိုး ပွင့်ဘို့ အချိန်ကြာကြာ
စောင့်နေရာတာမျိုးတွေ မကြာခဏ ကြုံရတော့ စိတ်ပျက်စရာပါ။ ဒီတော့ လူငယ်အများစုက
အင်တာနက်အစား game ဆော့ကြတာများပါတယ်။
ထူးခြားတာက
ရန်ကုန်က အင်တာနက်ဆိုင်တွေ အဲလို ကသိကအောက် ဖြစ်နေပေမဲ့ နယ်မြိုံတွေက အင်တာနက်က
မျှော်လင့်ထားတာထက်အဆများစွာ မြန်နေတာ အံ့သြစရာပါ။ သုံးတဲ့သူ နည်းလို့လားတော့
မသိပါ။ သိသာတာကတော့ လျင်မြန်စွာပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်လောကကို အမှီလိုက်ချင်တဲ့
မြန်မာလူငယ်တွေဟာ မြန်မာနိုင်ငံက အင်တာနက် speed နဲ့ အမီလိုက်ဘို့ဆိုတာ
အတော်ကြိုးစားရအုံးမှာဖြစ်တယ်။
(ဆက်ရန်)
No comments:
Post a Comment
Note: Only a member of this blog may post a comment.