Thursday, October 11, 2012

စိတ်ကူးယဉ်နိုင်ငံရေး



စိတ်ကူးယဉ်နိုင်ငံရေး
စာရေးသူကတော့ လက်တွေ့မပါတဲ့ စိတ်ကူးယဉ် ကမ္ဘာကြီးမှာ သိပ်မွေ့လျော မနေကြပါနဲ့လို့ပဲ
သတိပေးချင်တယ်။
အတိုက်ခံတွေ အော်ရင်း ၊ ဆဲဆို မြည်တွန်တောက်တီး နေချိန်မှာ
အစိုးရ က အရွေ့ရှိနေတယ်။ပြောင်းလဲမှု ရှိတယ်။
အစိုးရစီမှာ အာဏါရှိတယ် ၊ ငွေ ရှိတယ်။
လက်ရှိပြောင်းလဲ မှုကြောင့် ကမ္ဘာကလည်း နောက်က ပန့်ပိုးလာပြီ
အရှိန် ရလာတာနဲ့ အမျှ အစိုးရ ရဲ့ capacity ဟာလည်း လိုက်မြင့်တက်လာပြီ။
စစ်အာဏါရှင် ဘ၀ကနေ ဒီမိုကရေစီ ကိုတဖြေးဖြေး ပြောင်းလာတာနဲ့ အမျှ
ပြည်သူကိုကြည့်ရတော့မယ်
ပြည်သူကိုကြည့်တာနဲ့ အမျှ ၊ ဘ၀မှန် စပြုလာပြီ။
ဒေါ်စု တောင် ပြည်သူ့ အကျိုးကြည့်ပြီး အတိုင်းအတာ တစ်ခုအထိ လက်တွဲ ခဲ့ပြီပဲ
တိုင်းပြည်အတွက် (အပြု) သမားတွေ များလာလေ ၊ အရှိန် ရ ပြီး
တိုင်ပြည် တိုးတက်ဖို့ပဲ ရှိတယ်။
တိုင်ပြည်တိုးတက်ရင် ဘယ်သူတွေကို ဆင်းရဲတွင်း က ဆွဲထုတ်နိုင်မယ် ထင်ပါသလဲ
တိန်လျောက်ပိန် ဟာ တရုတ် သန်း ၃၀၀ ကို ဆင်းရဲတွင်း က ဆွဲတင်နိုင်ခဲ့တယ်
တော်လှန်ရေးခေတ်မှာတော်လှန်ရေး သမားတွေ လိုသလို
တိုင်းပြည်ထူထောင်တဲ့ ခေတ်မှာ ပညာတတ်တွေ လိုပါတယ်။
Capacity ပြည့်တဲ့သူတွေလိုပါတယ်
ဒါကြောင့် ပညာတတ်တွေဖြစ်အောင်လုပ်ကြပါ။ Capacity မြင့်အောင်ကြိုးစားကြပါ။
လက်တွေ့ကမ္ဘာက ဘယ်သူ့ကိုမှ စောင့်မည် မဟုတ်ပါ။
နောက်ဆုံး စိတ်ကူးယဉ်သမားတွေ အော်ရင်း ဆန့်ကျင်ရင်း ယူတိုးပီးရား စိတ်ကူးယဉ် ကမ္ဘာထဲ မှာ  ကျန်ခဲ့ကြတာကို မြင်ယောင်နေမိတယ်။ တဖြေးဖြေး တကမ္ဘာစီ ခြားသွားကြပြီလေ ….
အနုပညာ ဆရာကြီး အမေရိကားမှာ စူရှီ (၅)နှစ်လောက်လိပ်ပြီးရင်
မြန်မာနိုင်ငံကို ကယ်တင်ဖို့ ပြန်လာတဲ့  အခါ လေဆိပ်မှာ သွားကြိုဆိုကြဦးစို့
လူငယ်လေးတွေ အသိ တိုးပါစေ။

ဘိုဘိုကျော်ငြိမ်း
အောက်တိုဘာလ (ရ) ရက် ၂၀၁၂
ဇင်းမယ်မြို့
       အပိုင်း (၂)
(၈)
အခွင့်အရေးရတော့ 
အမေရိကန်တွေက သူတို့ ဖက်ပါအောင် propaganda အနေနဲ့ စာရေးဆရာတွေ
အနုပညာသမား ၊ စစ်သားတွေ ၊ ပညာတတ်တွေ ၊  လူစုံကို သူတို့နိုင်ငံကို ကုန်ကျစရိတ်ပေးပြီး
Training ဆိုပြီး သင်တန်းတွေ ပေးလေ့ရှိပါတယ်။

ဗမာ စစ်တပ်ထဲမှာ ပင် အမေရိကန်ပြန်တွေရှိကြပါတယ်။
Navy Seal အောင်ခဲ့သူ အနဲအကျင်း တောင်ရှိပါတယ်။
Egress က ဒေါက်တာနေ၀င်းမောင် တို့လည်း Yale က သင်တန်းခွင့်ရခဲ့ကြသည်ပဲ။
Harvard ကိုလည်း ဒီမိုသမား တချို့ ၊ တက်ခွင့်ရခဲ့ကြသည်ပဲ 
Iowa ပြည်နယ်က သင်တန်းပြန်တွေက မနဲလှပါဖူး။ နှစ်စဉ် ခေါ်တာကိုး
မြန်မာ နိုင်ငံသား အများစု ဟာ မိမိတိုင်းပြည် ကို ပြန်ကြတာများပါတယ်။
အမေရိကန် ကိုဝင်ဖို့ ပြည်ဝင်ခွင့် ဗီဇာရဖို့ ဆိုတာ အင်မတန် ခက်ပါတယ်
ဒီလို လွယ်လွယ် နဲ့ရတဲ့ အခွင့်အရေးကို အသုံးချပြီး (ခုန်ချ) တဲ့ သူတွေ ဟာ
မရှိဖူးတော့ မဟုတ် ..အနဲစု လို့ ပြောလို့ ရမယ်ထင်ပါတယ်။
အကြောင်းက (ခုန်)ချပြီးရင် ၊ ခိုလှုံခွင့် တောင်းရပါမယ်။
အမေရိကန်က မြန်မာနိုင်ငံလို (လဘ်) ထိုး၍ မရပါ။
ဥပဒေ ဘောင်ထဲဝင်ရပါမည်။
ဥပဒေ ဘောင်ဝင်ရန် ၊ အကြောင်းပြည့်စုံရပါမည်။
အထောက်အထား ပြည့်စုံ ရပါမည်။
ထို့ကြောင့် ကြိုတင်ကြံစည် ၊ prepare မလုပ်ထားပဲ ခုန်ချ၍ မလွယ်ပါ။
ဤ အထောက်အထားများကို လည်း မိမိ နှင့် တပါထဲ ယူလာလျှင် အ၀င် မှာ အန္တရာယ်ရှိပါသည်။
ကြိုတင်စီမံရပါမယ်။
ဆိုလိုတာက … အမေရိကားရောက်မှ (ခုန်) ချချင်စိတ်ပေါ်လာလို့ မရပါ
မလာခင် ကတည်း က အကြံအစည် ရှိခဲ့ရပါမည်။

(၉)
စနစ်ကို မသိရင် 
စာရေးသူ ဟာ ခိုလုံခွင့် လျှောက်တဲ့ အတွေ့အကြံ မရှိခဲ့
စာရေးသူ အိမ်ကို မိတ်ဆွေတစ်ယောက် ရောက်လာတော့
စနစ် ကိုနားမလည်တော့ ၊ အပယ်ခံ ရ ၊ တရားရုံးရောက်ရ နဲ့
ရွာလည်ခဲ့ရတယ်။ ပြီးမှ …
စနစ် အကြောင်းကိုလည်း ကောင်းကောင်းနားလည်သွားရတယ်။
အထောက်အထား လိုအပ်မှု ကိုလည်း ကောင်းကောင်းသဘောပေါက်ခဲ့ရတယ်။

(၁၀)
 စနစ်အကြောင်း (သိ) လို့ 
အနုပညာသူရဲကောင်းကြီးဟာ ပြည်တွင်း ပြည်ပ က လက်ဝဲ မိတ်ဆွေတွေရဲ့
အကူအညီ နဲ့ Iowa က သင်တန်းကို တက်ခွင့်ရခဲ့ပုံ ပေါ်တယ်။
ပြည်တွင်း က (အနီ) တွေ ပြေးကြတော့ တရုတ်ကို မပြေး
အမေရိကန် ကိုပဲ ပြေးကြတာကိုး
သင်တန်းပြီးတော့ မပြန်တော့ဖူး
အနုပညာ သူရဲကောင်းကြီးက (ခုန်ချ) လိုက်လေရဲ့
အပယ်မခံရ ၊ တရားရုံး မရောက်ပဲ ခိုလှုံခွင့်ရတယ် ဆိုတာ
အထောက်အထားခိုင်းလုံ လို့ ၊ တင်ပြချက် ပြည့်စုံလို့
ဒီလို ပြည့်စုံဖို့ဆိုတာ ၊ ပြင်ဆင်မှု မပါပဲ မဖြစ်နိုင်
ဒါကြောင့် ဥပဒေ စကားနဲ့ ပြောရရင် Motive က အထင်အရှား မြင်နေရပြီ
မထွက်ခင် ကတည်း က motive ပါလာပြီးသား
ဒါဟာ ရလာတဲ့ (အခွင့်အရေး) ကို မိမိ (အကျိုး) အတွက် (အသုံးချ) တာပဲ
ပါးစပ် က လူကြားကောင်းအောင် ပြေချင်သလို ပြောလို့ ရတယ်
တကယ်အခွင့် အရေး ရလာတော့ စိတ်မထိန်း နိုင်ရှာဖူး
ဒါ Corruption သို့မဟုတ် Corruptive Mindset ရဲ့ (အစ) လို့ ယူဆ လို့ရတယ်
ကောက်ချက်ချ လို့ရတယ်။
ဒီလို (အခွင့်အရေး) ယူပြီး (ခုန်ချ) လိုက်တဲ့ အတွက်
နောက်လူတွေ မထိခိုက် နိုင်ဖူးထင်ပါသလား
Harvard ကို ABSDF ဥက္ကဋ္ဌဟောင်း ကိုနိုင်အောင်တက်ခွင့်ရတော့
မြောက်ပိုင်းက လူသတ်မှု အကြောင်းတိုင်ကြတယ်
ပေးတာက ဒီမိုကရေစီ အရေးတိုက်ပွဲဝင်နေသူ အတွက်
ဒီအမဲစက်ကြီးနဲ့ဆိုတော့ Harvard က မပေးတော့ဖူးဆိုပြီး ငြင်းလိုက်တယ်။
တရားစွဲ ခံရမှာဆိုးလို့ ထင်ပါရဲ့ Harvard ကဒီမိုသမား တွေကိုနောက်ထပ် မပေးတော့ဖူး
နောက်လူတွေကော ၊ တိုင်းပြည်ပါ မနစ်နာဖူးလား
ဗမာတွေ ပေးရင် ခုန်ချတယ်ကွ ဆို ရင် ဗမာတွေ အားလုံး ယုံကြည်မှု credibility ထိတာပဲ
ဒါကြောင့် ဘယ်ဖက်ကပဲ ကြည့်ကြည့် (ခုန်ချ) တာဟာ (တကိုယ်ကောင်း) ဆံခြင်းပဲ
အကယ်၍သာ တိုင်ပြည်ကိုပြန်မဲ့ လူငယ် တဦးသာ ဒီအခွင့်အရေးရခဲ့ရင် အခုလို ကူးပြောင်းကာလ မှာ တိုင်းပြည်  အတွက်အကျိုး မပြုနိုင်ဖူးလား။
စစ်ဗိုလ်သားသမီးတွေ အခွင့်အရေးသူပြီး အခွင့်ရေးကို ဗြုန်းပစ်တာနဲ့ ဘာကွာသလဲ။ 

(၁၁)
အကြောင်းပြတာက 
ဖေ့စ်ဘုတ်သူရဲကောင်းကြီး  အကြောင်းပြတာက အနုပညာတိုးတက်ချင်လို့ပါတဲ့
နဲနဲ ဆန်းစစ်ကြည့်ရအောင်…
နိုင်ငံရေး ခိုလှုံခွင့် ရပြီးရင် အချိန် တစ်ခု ( (၂) နှစ်လို့ထင်တယ်) နေပြီးမှ
Permanent Residence လို့ခေါ်တဲ့ green card ရပါတယ်။
Permanent Residence ရပြီးတဲ့ သူတစ်ယောက်ဟာ
အမေရိကားမှာ သတ်မှတ်ထားတဲ့ အချိန်တစ်ခု အထိ အမေရိကန်မြေ မှာနေရပါတယ်။
နောက်မို့ဆို ပြန်ယုတ်သိမ်း နိုင်ပါတယ်။
ဒါကြောင့် Harvard ကအောင်တဲ့ ဗဟုအဖွဲ့ ၀င်တစ်ယောက်ဟာ ထိုင်းကနေ
အမေရိကားမှာ ပြန်လည် ရွှေ့ပြောင်း နေထိုင်ခဲ့ရတယ်။
စာရေးသူ လေးစားတဲ့ ဗဟုအဖွဲ့ဝင် ကိုအောင်သူငြိမ်း ဟာလည်း
အမေရိကားမှာ စာအုပ်ပြန်ပြန်လဲ ရင်း အမေရိကန် မြေပေါ် နေပြနေရပါတယ်။
Permanent Residence ရပြီး (၅) နှစ်နေမှ တိုင်းရင်သား Citizenship  လျှေက်ခွင့်ရှိပါတယ်
Citizen ဖြစ်မှ ဒီဝဋ်က ကျွပ်ပါတယ်။
ဒါ လ၀က ဥပဒေ တွေပါ။
အမေရိကန်တွေဟာ လူလည်ကြီးသားသမီးတွေပါ
Permanent Residence ရတာနဲ့ ကိုယ့်နိုင်ငံကိုယ် ပြန်နေလို့မရပါ။
ခိုလုံခွင့် Political refugee လျှောက်တယ်ဆိုတာကလည်း
မြန်မာနိုင်ငံကိုသာ ပြန်ခဲ့ရင် အန္တရာယ် ရှိတယ်ဆိုပြီး လျှောက်ရတာပါ။
နေနိုင်ရဲ့နဲ့ .. ပြန်နိုင်ရဲ့ နဲ့ ..(လိမ်) လျှောက်တာဆိုရင်လည်း (လူလိမ်) ဆိုတာ
အမေရိကန်တွေ မသိတောင် ဘုရား ၊ နတ်တွေနဲ့ (ကိုယ်) စောင့်နတ် တော့ သိမှာပါ။ 

(၁၂)
နေလို့ရတာနဲ့ ပြီးရောလား 
အမေရိကားမှာ Professional အနေနဲ့.အောင်မြင်ဖို့ .. ထင်ပေါ်ဖို့ ..ဖိုဆိုတာ
စိတ်ကူးယဉ်လို့ လွယ်ပေမဲ့ ..လက်တွေ့မှာ မလွယ်လှပါ။
ဘာကြောင့်လဲ
အမေရိကားမှာ survive ဖြစ်ဖို့ … တကမ္ဘာလုံး..နဲ့ ပြိုင်ရတာကိုး …
တကမ္ဘာလုံးက လူတွေက လာချင်ကြတာကိုး
အမေရိကန် အသိမရှိ ...တကောင်ကြွက်..ဆိုရင် … မိမိအရည်အသွေး ကိုသာ အားကိုးစရာရှိပါတယ်။
နောက် အမေရိကန်တွေဟာ Professional တွေ ၊ သွားဖြီးလို့မရ
NED ကို လိမ်ပြီး ငွေညာ စားဖို့ အစီအစဉ်ရှိလျှင်တော့ မပြောတတ်။

(၁၃)
မှတ်မိသေးတယ် 
စာရေးသူ Systems Architect အလုပ်ကို HP မှာလျှောက်တော့
အဆင့်ဆင့် phone interview လုပ်ရတယ်
နောက်ဆုံး interview မှာ developer engineer ကနှိုက်နှိုက်ချွပ်ချွပ်မေးတာ။ ချွေးပြန်ရောပဲ
ထိပ်ဆုံး (၃) ယောက်ကို လူတွေ့ Interview လုပ်တယ်။
အဖွဲ့ (၃) ဖွဲ့ စစ်တယ်။ တကယ်မတတ်လို့ ကတော့ အစောကြီးပွဲပြီးပြီ
နောက်ဆုံး အားလုံး စုံကြပြီး အားလုံးအရှေ့မှာ မိမိဟာဘာကြောင့် အတော်ဆုံးလဲ
မိမိကိုရွေးချယ်သင့်သလဲ ဆိုတာကို (၁၅) မိနစ် အတွင်းပြောရတယ်။
ဒီ technique ဟာ self-confidence ကိုစစ်ဖို့ ပြိုင်ဖက်အချင်းချင်း ထိပ်တိုက်တွေ့ပေးလိုက်တာပဲ
(၁၂) ကြိုးအချင်းချင်း တိုက်ရဲလား ဆိုတာကို စမ်းတာပဲ။
အဖြူကောင်က technical သိပ်မနိုင်ဖူး။ စာရေးသူ က mid size company ကလာတယ်။
ပြိုင်ဖက်က တရုတ်။ Bell Atlantic မှာ Consultant level ရှိတယ်။ technical ကောင်းတယ်။
ဒါပေမဲ့ စာရေးသူရှေ့မှာ သူ့အကြောင်းပြောရတော့ အိုးနင်းခွက်နင်းဖြစ်နေတယ်။
ရွှေဗမာ က တရုတ်မျက်လုံးကို တဲ့တဲ့ကြည့်ပြီး ငါသာလျှင် ရထိုက်တယ်ဆိုတာကို
အကျိုးနဲ့ အကြောင်းနဲ့ လိုရင်းတိုရှင်း ရဲရဲကြီး ပြောထဲ့လိုက်တယ်။
အားလုံးက ၀ိုင်းကြည့်နေကြတာ။ လွယ်တော့မလွယ်ဖူး
Confidence မရှိရင် ၊ သတ္တိမရှိရင် ၊ ဒူးခွေသွားနိုင်တယ်။
Technical မေးတော့လည်း ဒီလိုဖြစ်ရင် ဘာလုပ်မလဲ ၊ ဟိုလိုဖြစ်ရင် ဘယ်လိုလုပ်မလဲ
ဆိုတာကိုမေးတာ။ အတွေ့အကြုံ မရှိလို့ကတော့ ဂျောင်းပဲ။
စာရေးသူ ကြွားလိုစိတ်နဲ့ ပြောတာမဟုတ်ရပါ။
Professional ဆိုတာမလွယ်ဖူး ဆိုတာကို လူငယ်လေးတွေကို သိစေချင်လို့ပါ
စိတ်ကူး မယဉ်စေချင်လို့ပါ။
ဒီအဆင့်ကိုရောက်အောင် ကုပ်ကပ်ကြိုးစားခဲ့ရတာပါ။ လွယ်လွယ်မရခဲ့ပါ။

(၁၄)
ဟောလီဝုဒ် (Hollywood) ဆိုတာ။ 
(Hollywood) ဆိုတာက ကမ္ဘာကျော် ၊ နံပတ် (၁) ၊ ထိပ်တန်းတွေ
အားလုံးဟာ Professional တွေချည်းပဲ။ တကမ္ဘာလုံးက ၀င်တိုးဖို့ကြိုးစားနေကြတာ
(A)List မင်းသားမင်းသမီးတစ်ယောက်ဟာ တစ်ကားကို USD သန်း (၂၀) လောက်အထိ ရကြတာ။
မြန်မာနိုင်ငံမှာက ဗီဒီယိုတကားကို (၃) (၄) ရက်နဲ့ အပြီး ရိုက်ကြတယ်တဲ့
ဆူလွယ်နပ်လွယ် ၊ ပေါချောင်ကောင်းလုပ်သည်လို့ပဲ ပြောရမယ်ထင်တယ်။
အခုတော့ မသိတော့ ..အရင်က အေ၀မ်း ဦးတင်မောင် တို့ ၊ ဦးညီပု တို့လို ၀ါရင့်
အနုပညာသမားတွေ ရှိကြပါတယ်။
စနစ်တကျ မိမိအနုပညာ အစွမ်းပြနိုင်ခဲ့သူတွေပါ။
တနှစ်မှ ဗီဒီယို တစ်ကား နှစ်ကား ရိုက်ရသူတွေ မဟုတ်ပါ။

 (၁၅)
ဘွဲ့မရှိလျှင်လည်း Drama School တက်ဖို့မလွဲပါ။
အမေရိကားမှာ BA – BS မရှိပဲ မာစတာ တက်လို့မရ
Transcript ပြရပါတယ်။
၈၈ တွေထဲက မင်းဇင် နဲ့ Harvard က ဒီမို ခေါင်းဆောင်တွေပဲ စပယ်ရှယ်
အခွင့်အရေး ရပြီး တက်ခွင့်ရကြတာပါ။
မင်းဇင် တော်တာတော့ လူချင်းစကားပြောကြည့်ရင် သိမှာပါ။ ရှားသား
BA – BS တက်ဖို့လည်း အနဲဆုံး (၃) နှစ်တက်ရမယ်။ ငွေကုန်မယ်။
ဒီတော့ ပညာ ဘွဲ့ အခြေခံ လည်း မပြည့်စုံတဲ့
(၃)ရက် ဗီဒီယို အနုပညာသမား တစ်ယောက် ဟောလီးဝုဒ်မှာ
ခြေချနိုင်ဖို့ဆိုတာ လွယ်လှသည့် အလုပ်မဟုတ်ပါ။
အရွယ်လွန် ကာနီးမှ ဒါရိုက်တာ လက်ထောက်ရဲ့ အောက်စွဲကို ထီးမိုးပေးဖို့
ဆိုတာကလည်း လွယ်တော့မည် မဟုတ်။
အသက် (၂၀) လေးတွေနဲ့ ပြိုင်ရတော့ (ဇွဲ) မှာ မယှဉ်သာလှ။

(၁၆)
စနစ်ကို သိတာကြောင့်
စိတ်ကူးရတာ လွယ်ပေမဲ့ လက်တွေ့မှာ မလွယ်ပါ။
ဒါကြောင့် အမေရိကန် တွေရဲ့ Professionalism  ကိုသိရင် ၊
ယှဉ်ပြိုင်ရမဲ့ ပတ်ဝန်းကျင် အနေအထားကို သိရင်
ကျောင်းဆက်တက်ဖို့ ကလည်းမလွဲ
အနုပညာ ဆက်စည်းပူးဆိုတာက လည်း
အသက် (၂၀) ကျော်လေးတွေ စားပွဲထိုး လုပ်ရင်း
စွန့်လွှတ်ကြိုးစားနေကြတာ ၊ ရိုက်သတ်လို့ပင် မကုန်နိုင်
အနဲဆုံး (၅) နှစ် အမေရိကန် မြေပေါ်က မခွာနိုင်
ဒီမြေ ..ဒီခြေအနေမှာ …. အနုပညာအတွက် ဗျ လို့ပြောတာကို
စနစ်ကို သိတဲ့ ..ရေ..မြေ..အနေအထားကို နားလည်တဲ့ ..professional တစ်ယောက်အတွက်
ယုံရ အခက်ကြီးပါလို့ပဲ … ပြောရတော့မှာပဲ …..
အမှန်က .. အခွင့်အရေးပေါ်လာတယ် … အမေရိကားမှာ နေချင်တယ်…
ရိုးရိုးလေး ..၀န်ခံလိုက်..ရင်မှ … အိနြေ္ဒရှိဦးမှာပါ…
ပေါ်လာတဲ့ အခွင့်အရေးကို … ယူမိရင် ..ဒါ Corruption ရဲ့ (အစ) ပါပဲ။
နောက်ဆုံးတော့ သူခိုး..သူခိုး .. လို့အော်..နေတဲ့သူ … ခိုးရာပါ ပစ္စည်းနဲ့ မိတဲ့ အဖြစ်ပါပဲ။
(၁ရ)
တကယ်ပြောင်းလဲချင်တယ်ဆိုရင် …..
တကယ်ပြောင်းလဲချင်တယ်ဆိုရင် ခရိုနီ တွေ ဒီလိုစားနေကြတယ် ၊ ဟိုအရာရှိ ၊ ဒီအရာရှိကြီး တွေခိုးစား နေကြသည်ဆိုပြီး ငိုပြနေရုံနဲ့ မရ ပါ။
မြန်မာနိုင်ငံမှာ (မဆလ) စိတ် ကြီးဆိုးနေသ၍ ခြစားမှု ဟာရှိနေမှာပဲ
ဒီ (မဆလ) စိတ်ဓါတ်ကို ဘယ်လိုကိုင်မလဲ။ စဉ်းစားထားကြပါသလား
လယ်သမားတွေ ဒုက္ခရောက်တာပဲပြောလို့မရဖူး
ထိရောက်တဲ့ လယ်ယာမြေ ဝေခြမ်းရေး ၊ လုံလောက်တဲ့ ရေပေးစနစ် ၊ ထိရောက်တဲ့ အမတော်ကြေး စနစ် ၊ စပါးဝယ်ယူရေးစနစ် ၊ ဖြန့်ချည်ရေး စနစ် ၊ Export / Import ပေါ်လစီတွေ စဥ်းစားပြီးပြီလား
မြန်မာနိုင်ငံက ဆန် Quality ဟာ ထိုင်းနိုင်ငံက ဆန်တွေရဲ့ Quality ကို မမှီတော့ဖူး။
Research သုတေသန မှီအောင်ဘယ်လိုလုပ်မှာလဲ
Mechanized farming နဲ့ contract farming ကို ကိုင်ရာမှာ လယ်သမားတွေ အလုပ်လက်မဲ့ ဖြစ်လို့မရ ၊ နိုင်ငံပါ ဆူသွားလိမ့်မယ်။ ဘယ်လို ကိုင်တွယ်မှာလည်း
ထွက်လာတဲ့ ဆန်ကို ထိုင်းဆန်နဲ့ ပြိုင်ပြီး ဘယ်လို ပြိုင်ရောင်းမှာလဲ။ marketing plan ရှိသလား
သစ်တောတွေကို ဘယ်လို ပြန်စိုက်မလဲ
လူဦးရေတိုးပွားမှု နဲ့ညီမျှတဲ့ အလုပ်တွေဘယ်လို တိုးပွားအောင်လုပ်မလဲ
လူတွေ စားနိုင်သောက်တဲ့ လခ ၀င်ငွေ ရှိ ရမယ်။ သို့သော် Inflation  ကြီးလို့မရ
တိုးပွားးလာတဲ့ လူတွေ အတွက် သင့်တော်တဲ့ အဆင့်ရှိတဲ့ affordable housing ကိုဘယ်လိုတည်ဆောက်မှာလဲ။ ဘယ်မှာဆောက်မလဲ။ ဘယ်လို ဝေမျှပေးမလဲ
ကချင် ၊ ကရင် နဲ့ တိုင်းရင်းသားတွေ အပေါ် မတရားဖူးလို့ ဆိုရင် သူတို့ကျေနပ်နိုင်မဲ့
Federalism plan ရှိသလား။ စဉ်းစားထားပြီးပြီလား။
State Rights နဲ့ Federal Rights တွေကို တကယ်နားလည် ရဲ့လား။
Parliamentary Democracy လား Republic လား။
Judiciary System မှာ Apellate Courts တွေကို ဘယ်လို distribute လုပ်မလဲ
တရားရုံးတွေ ငွေလိုရင် ဘယ်သူကပေးမှာလဲ
တရားသူကြီးတွေ လဘ်စားရင် ၊ အစိုးရ အရာရှိကြီးတွေ လဘ်စားရင် ဘယ်လို အရေးယူမလဲ
ဘယ်ဟာ ကို လဘ်စား တယ်လို့သတ်မှတ်မှာလဲ
နိုင်ငံရေး အရ လဘ်စားတယ်ဆိုပြီး လက်စားချေမှု တွေ မရှိအောင် ၊ ဘယ်လို တားမလဲ
သမ္မတကိုသော်၎င်း ၊ ၀န်ကြီးချုပ်ကိုသော်၎င်း ၊ ဘယ်လို Impeach လုပ်မလဲ
ဘယ်အရာဟာ  Impeachable offense လဲ။
အစိုးရ မလုပ်နိုင်တဲ့ ဥပဒေတွေရှိသင့်သလား ၊ ဘာတွေလဲ
အစိုးရ နဲ့ လွှတ်တော်မတဲ့ရင်ဘာလုပ်မလဲ
ပါကစ္စတန်မှာလို အစိုးရ အဖွဲ့နဲ့ တရားသူကြီးချုပ် ၊ တရားသူကြီးအဖွဲ့ မတဲ့ရင်ဘာလုပ်မလဲ
ပြည်နယ်တွေကို လူမျိုးအရသတ်မှတ်မှာလား ၊ ပထ၀ီအနေအထားရ သတ်မှတ်မှာလား
တိုင်းရင်းသား ပြည်နယ်အတွင်းမှာနေတဲ့ လူနဲစုတွေ ကိုတရားမျှတမှု ရှိအောင်ဘယ်လိုစီမံမလဲ
ငြိမ်းချမ်းရေးရရင် တိုင်းရင်းသား စစ်သားတွေကို ဘယ်လိုနေရချထားမလဲ
သူတို့ရဲ့ တပ်တွေကို ဘယ်လို မျှတအောင် ဘယ်လို ဖွဲ့စည်းမလဲ ၊ ဘယ်သူအမိန့် နာခံရမှာလဲ
အုပ်ချုပ်မဲ့ တိုင်းရင်သား ပညာတတ် တွေ လုံလောက်ရဲ့လား
ပြည်နယ်တွေ တိုးတက်အောင်ဘယ်လိုလုပ်မလဲ
အစိုးရဆိုတာ ပြဿနာပေါင်း သောင်းခြောက်ထောင် ကိုတာဝန်ယူရပါတယ်။
စဉ်းစားထားရပါတယ်။
Macro level ကပေါ်လစီကိုစဉ်းစားရသလို
micro level က implementation ကိုစဉ်းစားရပါတယ်
ငွေရှိရဲ့လား ၊ ခြေးမလား ၊ အတိုး ကဘယ်လောက်လဲ
စသသည်ဖြင့် ဖက်ပေါင်းစုံက စဉ်းစားထားရပါတယ်။
ဖေ့စ်ဘုတ်ပေါ်တက်ပြီး ဟိုဟာတွေ့မှ ၊ ဒီဟာတွေ့မှ  မတရားဖူးဗျ ၊
ကချင်တွေကို သတ်တာရပ်ပါတော့ ၊ ဦးသိန်းစိန်ပြောသော ဦးသိန်းစိန်
၂၀၀၈ constitution ကိုပြင်ပါ
စာသည်ဖြင့် မိုးပြောဂျိုးပြောတက်ပြောနေကြရုံ နဲ့
တိုင်းပြည်ကြီး ထင်သလို ပြောင်းလဲလာမည် ၊ ကောင်းလာမည် မဟုတ်ပါ
၂၀၀၈ အခြေခံဥပဒေ ကိုပြောင်းချင်ရင် ၊ ဘာတွေပြောင်းသင့်တယ်၊ ဘယ်လိုပြောင်းမလဲ
စစ်တပ်ရဲ့ role က ဒီလို ၊ ခင်ဗျားတို့ကို ဒီလို လုံခြုံမှုပေးမယ်
Professional စစ်တပ်ဖြစ်အောင် ဒီလို ၊ ဒါတွေ လုပ်ပေးမယ်
စစ်တပ်ရဲ့ ပါဝင်မှု ကို ဒီလိုလျော့ချ ရအောင်ဆိုပြီး
စစ်တပ်နားလည်အောင် လည်းရှင်းပြနိုင်ရမယ် ၊ နားဝင်အောင်လည်း
ဦးဆောင်မှုပေးပြီး ၊ နားလည်အောင် ပညာပေး လုပ်ဆောင် နိုင်ရမယ်။
ငါတို့ နိုင်ပြီ ၊ မင်းတို့ ၀န်ခံကြ ၊ ဂျောင်းဆို ၊ ဆိုပြီး emotion အရ လုပ်လို့မရ
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ခမြာ တစ်ယောက်ထဲ ဖြေးဖြေးချင်း ရွှေ့နေရတာ
ဒါကိုနားမလည် တဲ့ သူငယ်နာ မစင်သေးတဲ့ တလမ်းသွား ၊ စိတ်ကူးယဉ်သမား
တွေ အဖို့ ဒေါ်စု ကို အားမရ နိုင် ၊ ဒေါ်စု ကို ဝေဖန်ကြ  ၊ ဆဲ ကြပေါ့
စိတ်ကူးယဉ်တယ်ဆိုတာ လွယ်မှလွယ် ၊ ဖြစ်ချင်တာပဲ သိဖို့လိုတယ် ၊
တာဝန် သိစရာမလို ၊ အဖြေရှိစရာ မလို
အစိုးရ ဆိုတာက ၊ နိုင်ငံရေးသမား ဆိုတာ (တာဝန်) ယူရတယ်။
ဒါကြောင့် တချို့ ကလည်း နိုင်ငံရေးသမား လုပ်ရမှကိုကြောက်ကြတာ
Capacity မမှီလို့ နားမလည်ပဲ ခလေးလို ၊ လိုချင်တာပဲ သိဖို့ လိုတဲ့
စိတ်ကူးယဉ်သမား ဘ၀မှပဲ မွေ့လျှောနေပြီး
ကရောင်ကတန်း ယူတိုးပီးရား ၊ ယူတိုးပီးရား ဆိုပြီး စွပ်အော်နေကြတာပါ။

ဆက်ရန်

No comments:

Post a Comment

Note: Only a member of this blog may post a comment.