Thursday, October 11, 2012

ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၄)



ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၄)

မန်ကျည်ဒိန်ယိန်း---ရေးသည်

သိန်းစိန်အစိုးရ လှည့်ကွက်တွေထဲမှာ အပြောင်မြောက်ဆုံးနဲ့ အထိရောက်ဆုံး အချက်က ပြည်ပရောက် မြန်မာတွေ ပြန်လာဘို့ တိုက်တွန်းခဲ့တဲ့ အချက်ပါ။ ဒီအချက်ဟာ ပြည်ပရောက် မြန်မာအတိုက်အခံတွေကို ဆွဲကိုင်လှုပ်လိုက်သလို ဂယက်ရိုက်စေခဲ့ပါတယ်။

ပြည်ပအတိုက်အခံအဖွဲ့တွေကို နှစ် ၂၀ကျော် ငွေထောက်ပံ့ခဲ့တဲ့ NGO တွေက ငွေဖြတ်လိုက်တဲ့အချိန်၊ ငွေမရှိတော့လို့ စားဝတ်နေရေး အခက်တွေ့နေချိန်၊ ဒေါ်စုက လွှတ်တော်ထဲ ခိုင်လုံတဲ့အကြောင်းပြချက် ဦးတည်ချက်မရှိပဲ ဇွတ်ခုန်ဝင်သွားလို့ နိုင်ငံရေးလမ်းပျောက်နေချိန်မျိုးမှာ သိန်းစိန်က ပြည်ပက မြန်မာတွေ ပြန်လာကြပါဆိုတော့ မင်းမြှောက်တန်ဆာ ၅ပါးနဲ့ ကြိုတော့မယ်ထင်ပီး စိတ်ကြီးဝင်တဲ့သူတွေ ၀င်ကုန်ပါတယ်။ ဒီမှာတင် ထိုင်းနယ်စပ်ဖြတ်လာတဲ့ ၀န်ကြီးအောင်မင်းကို ဖော်လံဖားသူတွေ အလျိုအလျို ပေါ်လာပါတယ်။

ဒုတိယအဆင့်အနေနဲ့ သိန်းစိန်အစိုးရက တချိန်က စစ်အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ABSDF လက်နက်ကိုင်အဖွဲ့ဝင်တွေကို ဖြိုခွဲဘို့အတွက် တချိန်က ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပီး ခုအခါ NGO ထောင်ကြီးပွားနေသူ ဇော်ဦး (ဒေါက်တာ)ကို လှလှပပ အသုံးချခဲ့ပါတယ်။

ဇော်ဦးဟာ တချိန်က စင်ပြိုင်အစိုးရခေါင်းဆောင် ဒေါက်တာစိန်ဝင်းတို့ထောင်ထားတဲ့ Burma Fund အဖွဲ့ကို တာဝန်ယူခဲ့သူဖြစ်ပါတယ်။ Burma Fund ဆိုတာ ဒေါက်တာစိန်ဝင်းစင်ပြိုင်အစိုးရကို အနောက်နိုင်ငံအဖွဲ့အစည်းပေါင်းစုံကပေးတဲ့ ငွေကြေးတွေကို လက်ခံဘို့ ဖွဲ့ထားတာပါ။ ဒီငွေတွေကိုမှာ စင်ပြိုင်အစိုးရ၀န်ကြီးတွေ အစိုးရအသုံးစရိတ်တွေအပြင် ထိုင်းမြန်မာနယ်စပ်က လက်နက်ကိုင်အဖွဲ့တွေကို ခွဲဝေသုံးနေကြတာပါ။

နောက်ပိုင်း Burma Fund ကို ဒေါက်တာစိန်ဝင်းနဲ့ ရင်းနှီးသူ ဒေါက်တာသောင်းထွန်းကို Executive Director ပေးလိုက်တော့ ဇော်ဦးက ဒေါက်တာစိန်ဝင်းကို အာခံပီး ဗဟု NGO ထောင်ပီး ထိုင်းနိုင်ငံမှာ capacity building သင်တန်းတွေ ပို့ချပေးခဲ့တာပါ။ ချင်းမိုင်တက္ကသိုလ်နဲ့ ဘန်ကောက်မှာ သင်တန်းကျောင်းတွေဖွင့်၊ ရန်ကုန်က စစ်အစိုးရလက်ထက် စစ်ဗိုလ်ကတော်တွေ အပါအ၀င် တခြားသင်တန်းသားတွေကို စရိတ်ခံ ထိုင်းကိုခေါ်ပီး သင်တန်းတွေပေးရင်း ငွေပေးတဲ့ဒိုနာတွေအကြိုက် လုပ်နေခဲ့သူဖြစ်ပါတယ်။

တကယ်တော့ ဇော်ဦးဟာ လွန်ခဲ့တဲ့ ၄ နှစ်ကျော်ထဲက ရန်ကုန်နဲ့ နေပြည်တော်ကို တိတ်တဆိတ်သွားပီး ပြည်တွင်းမှာ သူပိုင် ဗဟုNGO ဖွင့်နိုင်ဘို့ စစ်အစိုးရ၀န်ကြီးတွေ စစ်ခေါင်းဆောင်တွေကို အမျိုးမျိုး ချဉ်းကပ်နေသူဖြစ်ပါတယ်။

ဒီအခြေအနေတွေကို နားလည်တဲ့ သိန်းစိန်ဟာ ဇော်ဦးကို နိုင်ငံရေး ချိုးတယ်ကြက်လုပ်ပီး အသုံးချဘို့အတွက် သမတရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့မှာ ဟန်ဆောင်ထည့်ပေးလိုက်ပါတယ်။

အမေရိကန် passport ကိုကိုင် အမေရိကန်နိုင်ငံသားခံယူထားတဲ့ တခိျန်က ABSDF လက်နက်ကိုင်ဟောင်း ဇော်ဦးကို သမတသိန်းစိန်နဲ့တွဲပီး လူမှုစီးပွားအကြံပေးအဖွဲ့ဝင်တွေနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံကို သတင်းစာ မျက်နှာဖုံးတွေမှာ ဖော်ပြလိုက်ချိန်မှာ မိုးသီးဇွန် (ABSDF) ထိုင်းနယ်စပ် မဲဆောက်က ဒေါက်တာနိုင်အောင် (ABSDF) တို့အပြင် နိုင်ငံတကာက ABSDF ဟောင်းတွေပါ ဆွေ့ဆွေ့ခုန်သွားပီး ပြည်တွင်းပြန်ပြေးခဲ့ပါတယ်။ ဇော်ဦးတောင် သမတ အကြံပေးဖြစ်သွားပီ တို့လဲ ရာထူးတခုခုတော့ ရအောင်လုပ်မှပဲဆိုပီး မနာလိုစိတ်တွေ ဖြစ်ကုန်ပါတယ်။ ဒီအချက်ဟာ သိန်းစိန်အစိုးရ လိုချင်တဲ့အချက်ပါ။

မြန်မာတွေဟာ အတော်အမှတ်သညာ နည်းသူတွေဖြစ်ပီး တော်လှန်လို့မနိုင်ရင် ခြေထောက်ဘက် အညံ့ခံမယ်ဆိုသူတွေ မရှားတာ သတိပြုမိပါတယ်။ ဥပမာ-ဇော်ဦး NGO မှာ အမာခံလုပ်နေပီး တချိန်က စစ်အစိုးရကို ၂ပြားမတန်အောင် ဝေဖန်ပြောဆိုခဲ့ပီး ခုမှ စစ်ဗိုလ်ချုပ်တွေနဲ့ တွဲလုပ်ချင်ပီလို့ ကြွေးကြော်နေတဲ့ သင့်ဘ၀ ဒေါက်တာတင်မောင်သန်းလဲ ပါဝင်ပါတယ်။ သိန်းစိန်ရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့မှာ ဦးတင်မောင်သန်းဆိုတာပါလာတော့ ဘယ်ကတင်မောင်သန်းမှန်း မစူးစမ်းပဲ တို့သူငယ်ချင်း တင်မောင်သန်းပဲဆိုပီး ဂုဏ်ယူနေတဲ့ မုံရွာသားတွေလဲ မနည်းလှဘူးလို့ သိရပါတယ်။

အမှန်တော့ သိန်းစိန်ရဲ့ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဦးတင်မောင်သန်းဆိုတာ စစ်အစိုးရယုံကြည်စိတ်ချတဲ့ Myanmar Egress NGO အဖွဲ့ဝင်သာ ဖြစ်ပါတယ်။

တကယ်တော့ စစ်ဗိုလ်ချုပ်ဟာ အာဃာတကြီးမားသူတွေဆိုတာ လွန်ခဲ့တဲ့ နှစ် ၂၀မှာ ထင်ထင်ရှားရှား မြင်ခဲ့ရတဲ့ သာဓကတွေ အများအပြားပါ။ တခိျန်က စစ်အစိုးရကို စွာစွာလန် ရန်လုပ်ခဲ့ပီး ကနေ့ လွှတ်တော်ထဲမှာ ခြေသုတ်ပုဆိုး မြွေစွယ်က်ျိုးလို ဖြစ်နေယုံမက သမတကို ယုံပါတယ် ဂါထာ တစာစာ ရွတ်နေသူ ဒေါ်စုကိုတောင် ခုထိမယုံဘဲ ရန်သူလို သဘောထားနေတာ အသိသာချည်းပါ။

ဒါကြောင့် ခု ရန်ကုန်ပြန်လာပီး တချိန်က သိန်းစိန် နယူးရောက်လာတုံးက စီးတဲ့ ဘိနပ်နဲ့ သိန်းစိန်ကိုပေါက်ပီး ဆန္ဒပြခဲ့တဲ့ မိုးသီးဇွန်လိုလူမျိုးကို နေရာပေး ဘို့ စဉ်းစားမှာမဟုတ်တာ သေချာနေပါတယ်။

ဒေါက်တာနိုင်အောင်နဲ့ မိုးသီးဇွန်တို့ ရန်ကုန်ရောက်ပီး မကြာခင် တိုက်ဆိုင်တဲ့အချက်က တချိန်က ကချင်မြောက်ပိုင် ABSDF အဖွဲ့ဝင်တွေ အသတ်ခံရမှုနဲ့ စွဲချက်တင်ဘို့အတွက် စိုးလင်းစတဲံသူတွေက သတင်းစာရှင်းပွဲတွေလုပ်လာတာကို ရင်ဆိုင်ရတဲ့အချက်ဖြစ်ပါတယ်။ ရန်ကုန်ဂျာနယ်တချိုကလဲ မီးလောင်ရာလေပင့်လုပ်လာပါတယ်။ ဒီတော့မှာ အစာငမ်းပီးလိုက်လာရင်း ထောင်ချောက်ထဲဝင်တောမှာမြင်တဲ့ ဒေါက်တာနိုင်အောင်နဲ့တခြားသူတွေ ရန်ကုန်က တိတ်တိတ် ပြန်ပြေးကုန်ပါတယ်။

မိုးသီးဇွန်နဲအတူ မရှေးမနှောင်း ပြန်လာတဲ့ ပြည်ပအတိုက်အခံအများစုက အမေရိကန်နိုင်ငံသားတွေဖြစ်ပီး အမေရိကန် passport ကိုင်ထားသူတွေပါ။ ဒါတွေမြင်လို့ တခြားနိုင်ငံသားခံထားသူတွေမှန်သမျှ မြန်မာပြည်ာ အပြီင်္းပြန်လာချင်ရင် တခြားနိုင်ငံသားကို အရင်စွန့်ရမယ်၊ ပီးမှ မြန်မာပြည်က လက်ခံရေး လက်မခံရေးကို case by case စဉ်းစားမယ်လို့ သိန်းစိန်အစိုးရက ဥပဒေထုတ်ခဲ့တာပါ။

ခုချိန်ထိ မြန်မာနိုင်ငံကို အပြီးပြန်လာတဲ့ နိုင်ငံရေးသမားဆိုလို့ စင်ပြိုင်အစိုးရအဖွဲ့ဝင်ဟောင်း ပီတာလင်းပင် တဦးသာရှိပါတယ်။ အများစုက ဗီဇာနဲ့ ၀င်လိုက်ထွက်လိုက်လုပ်ရင်း စားကွက်ချောင်းနေသူတွေက များပါတယ်။

တကယ်တော့ သမတ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် ဒေါက်တာဇော်ဦးကိုတောင် သိန်းစိန်က ယုံတာမဟုတ်ဘူးဆူိုတာ Egress အဖွဲ့ဝင်တွေ အားလုံးသိကြပါတယ်။ အမှန်တော့ ABSDF နဲ့ တခြားပြည်ပ အတိုက်အခံတွေကို မနာလိုစိတ်ဖြစ်ပီး ပြည်တွင်းပြန်လာအောင် သိန်းစိန်က ဇော်ဦးကို တယ်ကြက်အနေနဲ့ တမင် ထဲ့ပေးထားတာသာြုဖစ်ပါတယ်။ သမတ လူမှုစီးပွားအကြံပေးအဖွဲ့ဝင် အများစုက သိန်းစိန်အစိုးရယုံကြည်တဲ့ Egress အဖွဲ့ဝင်တွေသာဖြစ်ပါတယ်။

တွက်ကြည့်ရင် သိန်းစိန်အစိုးရဟာ ပြည်ပက မြန်မာတွေ ဖိတ်ခေါ်တယ်ဆိုရာမှာ ပြည်ပမှာ ပိုက်ဆံချမ်းသာပီး မြန်မာပြည်ပြန် အရင်းအနှီးလုပ်ချင်တဲ့ မြန်မာတွေနဲ့ West-trained Technocrats နည်းနည်းပါးပါးသာ ပြန်လာစေချင်တာဖြစ်ပါတယ်။ ပြည်ပက အတိုက်အခံတွေကို ပြန်လာစေချင်တာ မဟုတ်ပါ။

ဒါပေမဲ့ နိုင်ငံတကာအမြင်ကောင်းအောင် ပြည်ပရောက် မြန်မာတွေအားလုံး ပြန်လာနိုင်တယ်ဆိုပီး လုပ်ဇာတ်ခင်းလိုက်တော့ ရန်သူကို အထင်သေးတဲ့ အတိုက်အခံတွေ အဟုတ်မှတ်ပြီး မြန်မာသံရုံးတွေဆက် မြန်မာပြည်ကို ပြန်လေ့လာမယ်တွေဘာတွေ ဖြစ်ကုန်တာပါ။

သိန်းစိန်အစိုးရဟာ အင်မတန်ကောက်ကျစ်တဲ့ စစ်အစိုးရ အရေခွဲလဲထားသူတွေဆိုတာ ပြည်ပမြန်မာအတိုက်အခံတွေ မေ့ကုန်ပါတယ်။ ဒီမှာတင် ပြည်ပကနိုင်ငံရေးသမားတွေ ရန်ကုန်ပြန်ဘို့ မြန်မာသံရုံးတွေကို ဆက်သွယ်ပီဆိုတာနဲ့ ဒီလူတွေ ရန်ကုန်လေဆိပ်ကို ဘယ်လေယာဉ်နဲ့ လာမယ်ဆိုတာ သံရုံး အသီးသီးကနေ ရန်ကုန် ဂျာနယ်လောကကို လက်တို့ထားလိုက်ပါတယ်

သဘောကတော့ ပြည်ပအတိုက်အခံတွေ ပြန်လာရင် ရန်ကုန်လေဆိပ်မှာတင် ဂျာနယ်တွေနဲ့ ပေးတွေ့ပြီး အလစ်ခံရအောင် စကားအမှားကို စောင်ဖမ်းဘို့ လုပ်ထားတဲ့ သိန်းစိန်အစိုးရ ညစ်ကွက်တခု ဖြစ်ပါတယ်။

(ဆက်ရန်)

No comments:

Post a Comment

Note: Only a member of this blog may post a comment.