သူငယ်ချင်းဘိုဘိုဟန်(88ကျောင်းသားခေါင်းဆောင်)
မင်းရဲ့နိုင်ငံရေးရပ်တည်ချက်ကို
ငါနဲ့ကိုနောင်ကျော်(ကိုဌေးသိန်း)တို့ကလေးစားဂုဏ်ပြုလိုက်ပါတယ်ကွာ။
91 -ဒေါ်စုငြိမ်းချမ်းရေးအတွက်မင်း(၁၄)နှစ်အပြည့်နေခဲ့ရတယ်။
အခု2012-လူထုငြိမ်းချမ်းရေးအတွက်နဲ့မင်းကိုသူတိုခြိမ်းခြောက်နေပြန်ပြီပေါ့။
မင်းက
Figure Politic ကိုမမက်မောတဲ့သူ
ခရိုနီဒီမိုကရေစီကိုမလိုးလားတဲသူ
တစ်ဝက်တစ်ပျက်လစ်ဘရယ်ဒီမိုကရေစီကိုမုန်းတဲ့သူ
သေနတ်သံတွေကိုမကြားချင်တဲ့သူ
၂၀၀၈ကိုလက်မခံတဲ့သူ
ဓါးမောက်ကိုပြောင်းပြန်မတပ်ချင်တဲ့သူ
နောက်ဖေးပေါက်၊ခွေးတိုးပေါက်နိုင်ငံရေးမနှစ်သက်သူ
အိမ်ရှေ့ကဘဲထွက်ပြီးနိုင်ငံရေးလုပ်တတ်တဲ့သူ
မင်းကဆင်းရဲသားတွေအတွက်အမှန်တစ်ကယ်အလုပ်လုပ်ချင်တဲ့သူ
ဘာတဲ့မင်းကိုအာဏာပိုင်က
"ခင်ဗျားကငြိမ်နေတဲ့ရေပြင်ကိုခဲပစ်ချချင်တဲ့သူ၊"လိုစွပ်စွဲတယ်
" ၂၀၀၈ ဖွဲ့စည်းပုံကိုချိုးဖောက်တဲ့သူ။"
လို့နံမည်တပ်တယ်။
ဒီတော့မင်းက
'ခင်ဗျားတို့ရဲ့မလိုတမျိုး၊လိုတမျိုးဥပဒေတွေကိုကျုပ်လာပြီးရှင်းပြမနေနဲ့"
ကဲကြာတယ်ဗျာ
Above the law ဆိုတဲ့
ခင်ဗျားတို့ရဲ့အထက်ကညွှန်ကြားချက်အတိုင်း
လုပ်ချင်သလိုလုပ်လိုက်….
လုပ်ချင်သလိုလုပ်လိုက်….
လုပ်ချင်သလိုလုပ်လိုက်..တဲ့..................
လေးစားပါတယ်သူငယ်ချင်း။
No comments:
Post a Comment
Note: Only a member of this blog may post a comment.