ဂုဏ်ယူဖွယ်
အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ” လို့ ဆိုပါလားဗျ (Tu Maung Nyo)
“ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ” လို့ ဆိုပါလားဗျ
တူမောင်ညို (၂၀၁၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်)
(ကျနော်မိတ်ဆွေနဲ့ကျနော် “ဦးသိန်းစိန်
ရဲ့ (၆၇) ကြိမ်မြောက် ကုလ အထွေထွေညီလာခံမိန့်ခွန်း” အပေါ် ဆွေးနွေး
အမြင်ဖလှယ်ခဲ့ကြပါတယ် ၊ မိတ်ဆွေ များလည်း စိတ်ပါ ဝင်စားတယ်ဆိုရင်ဖြင့်
ပါဝင်ဆွေးနွေးနိုင်ရန် ဝေငှလိုက်ပါတယ်)
ဦးသိန်းစိန်ရဲ့
(၆၇) ကြိမ်မြောက် ကုလ အထွေထွေညီလာခံမိန့်ခွန်း ဖတ်ပြီးရောပေါ့။ ရုပ်သံမီဒီယာတွေကနေ
လွှင့်ထုတ် ပေး သွားတယ်ဆို။ သူပြောတာတွေနဲ့ပတ်သက်လို့ ခင်ဗျား
အမြင်နဲ့သဘောထားပြောပါဦး။
သူပြောတဲ့
စကားလုံးတွေကို သေချာနားထောင်တယ်၊ ဖတ်ကြည့်တယ်ဆိုရင် သူတို့သဘောထားကို
အထင်းသားမြင်ရလိမ့် မယ်။ အပေါ်ယံကျကျသာ နားထောင်၊ ဖတ်ရှုကြတယ်ဆိုရင်တော့
အညှာလွယ်လွယ်နဲ့ သာဓုခေါ်လိုက်ကြမှာအသေအချာပဲဗျ။
ဥပမာပြမယ်
– “ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်”
ဆိုပြီး ဒီလိုဖြစ်ရပ် တွေ ကို ထုတ်ဖေါ်ပြောသွားတယ်။
တကယ့်အဖြစ်မှန်နဲ့ကိုက်ညီရဲ့လားဆိုတာ ကို တစ်ခုချင်း သေချာဖတ်ကြည့်ပြီး ခင်ဗျား
မြင်တာပြော ကြည့်ပါ။
-
ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း
-
ပြည်ပရောက်မြန်မာ့နိုင်ငံရေးအင်အားစုများကို
သိက္ခာရှိစွာပြန်လည်ဝင်ရောက်ခွင့်ပေးခဲ့ခြင်း
- ၂၀၁၂
ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို အထူးသန့်သန့်ရှင်းရှင်း
အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ခြင်း
-
စာပေစိစစ်ရေးကိုပယ်ဖျက်ပေးခြင်း
-
အင်တာနက်လွတ်လပ်စွာအသုံးပြုခွင့်ပေးခြင်း
-
အလုပ်သမားနှင့်အလုပ်ရှင်အသင်းအဖွဲ့များဖွဲ့စည်းတည်ထောင်ခွင့်နှင့်
ပြည်သူများနိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်း
“ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများ”တဲ့။ “နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက်အကျဉ်းသား”
လို့ (လုံးဝ)မသုံးပါလားဗျ။ “လွတ်ငြိမ်းချမ်းခွင့်”လို့ဆိုသော်လည်း တကယ်တော့
ပုဒ်မ ၂၀၄ (က) အရ “ပြစ်ဒဏ်လွတ်ငြိမ်းခွင့်” ပေးတာပဲဖြစ်တယ်။ “ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁)အရ” လွှတ်ပေးတာပါ။
အရေအတွက်ဘက်ကပြောရရင်
ယခုနောက် တစ်ကြိမ်လွတ်ပေးလိုက်တဲ့ အကျဉ်းသား (၅၁၄) ဦးမှာ နိုင်ငံခြားသား (၃၉၉)
ဦးဖြစ်ပြီး မြန်မာနိုင်ငံသား (၁၁၅) ဦးသာ ပါဝင်တယ်ဗျ။
လွှတ်ပေးတဲ့ရည်ရွယ်ချက်ကလည်း “ဂုဏ်ယူဖွယ်အားတက်ဖွယ်ထင်ရှားတဲ့
အောင်မြင်မှုတွေ” အဖြစ် “ကုလသမဂ္ဂမှာ စာရင်းအပြကောင်းအောင်” လွှတ်ပေးတာပဲဗျ။
တကယ်ဆိုရင်
နိုင်ငံရေးအကျဉ်းသားအဖြစ်အသိအမှတ်ပြုပြီး ချွင်းချက်မရှိ
ချက်ချင်းအကုန်အစင်လွှတ်ပေးရမှာမဟုတ်လားဗျ။ အခုတော့ နိုင်ငံရေးအကျဉ်းသားတွေကို
ခိုးဆိုးလုယက်တဲ့ ရာဇဝတ်အကျဉ်းသားတွေနဲ့တစ်တန်းထဲ၊ တစ်သဘောထဲထားပြီး “ရော့ပတ္တမြား
– ရော့နဂါး” ဆိုပြီး ပြန်ပေးဂိုဏ်းလုပ်ဟန်နဲ့ အလီလီလွှတ်ပေးနေတာ သဘောထားမမှန်တာပဲဗျ။
ယခင် စစ်အစိုးရနဲ့ ချက်ကြိုးမပြတ်နိုင်တာကိုဖေါ်ပြဝန်ခံနေတာပဲ ဖြစ်တယ်။
-
ပြည်ပရောက်မြန်မာ့နိုင်ငံရေးအင်အားစုများကို သိက္ခာရှိစွာပြန်လည်ဝင်ရောက်ခွင့်ပေးခဲ့ခြင်း
ဆိုတာမှာလည်း ကြည့်ပါ။
အသားလိုချင်သူနဲ့
အရိုးသာပေးချင်သူတို့ရဲ့ အပြန်အလှန်အသုံးချမှု တစ်ခုသာဖြစ်တယ်။
အပြန်လှန်အသုံးချမှုမှာ လည်း အာဏာရယူ ထားသူတွေဘက်ကတစ်ပန်းသာစမြဲပဲလေ။
“မြောက်ပိုင်းAB ကျောင်းသားသတ်ဖြတ်မှု”နဲ့ ခေါင်းတည်ပေးထားလိုက်တယ် မဟုတ်လား။
“သိက္ခာရှိစွာ”
ဆိုတဲ့စကားလုံးကို သုံးထားတာ သတိထားမိမှာပေါ့။ “ဂုဏ်” ဖြုတ်ထားတယ်ဗျ။
“ဂုဏ်+သိက္ခာရှိစွာပြန်လာရေး” တစာတစာတောင်းသူနေတွေကို ဈေးနှိမ်လိုက်တာပဲဗျ။
အမည်ပျက်စာရင်း (Black List ) သတ်မှတ်ခံထားရတာကနေ စာရင်းဖျက်ပေး လိုက်တာနဲ့
“သိက္ခာရှိစွာပြန်လည်ဝင်ရောက်သွားနိုင်လေသတည်း”လို့ အဓိပ္ပါယ်ထွက်လေရော့သလားဗျ။
တော်တော်လွယ်တယ်နော်။
“ပြည်တော်ပြန်(ပတပ)”တွေကို
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်နိုင်ဖို့ “အမြဲတန်းနေထိုင်ခွင့်(PR)
၅ နှစ်” ပေးဖို့ အစိုးရက စဉ်းစားနေတယ်ဆိုဗျ။
ဂျာနယ်တစ်ခုမှာ
ဖတ်လိုက်ရတာတော့ “အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသားခံယူထားရသူ
မြန်မာပညာရှင်၊ နိုင်ငံရေး သမား၊ စီးပွားရေးလုပ်ငန်းရှင် တွေ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ ပါဝင်နိုင်ရန် အတွက် (PR) ၅ နှစ်” ပေးရန်
အစိုးရက စီစဉ်နေတယ် လို့ဆိုတယ်။
အဲဒါဆို
သဘာဝမကျတာ တစ်ခုရှိနေတယ်ဗျ။ မြန်မာပညာရှင်နဲ့ စီးပွားရေးလုပ်ငန်းလုပ်သူတွေကို (PR)
ပေးတာ မဆန်းပါဘူး။ နိုင်ငံခြားသားခံယူထားတဲ့ ပြည်ပရောက်နိုင်ငံရေးသမား(ပတပ)တွေကို
“အမြဲတန်းနေထိုင်ခွင့်(PR) ၅ နှစ်” ပေးဖို့ဆိုတာက ဖြစ်နိုင်ပါ့ မလားဗျ။
သက်သက် နှပ်ကြောင်းပေးတာမဖြစ်နိုင်ဘူးလား။
ဟုတ်တယ်ဗျ။
ဒီလိုဖြစ်မယ်ထင်တယ်။ သူတို့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း
အတိအကျလိုက်နာမယ်လို့ ဝန်ခံ ကတိပြုလက်မှတ်ရေးထိုးနိုင်သူ (ပတပ) တွေထဲက
မည်သူ့ကိုမဆို (၅) နှစ် နေထိုင်ခွင့်ပြုမယ့်ပုံပဲ။
ဒါဆိုရင်
လွှတ်တော်ပြင်ပနိုင်ငံရေးလုပ်ခွင့် ရမယ့်သဘောပေါ့ဟုတ်လား။
အတိအကျတော့မပြောတတ်ဘူး၊
သေချာပေါက်ပြောနိုင်တာတော့ (ပတပ)တွေ “လွှတ်တော်နိုင်ငံရေး” လုပ်လို့မရဘူး။
ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၁၂၀ (ဂ) (ဃ) တို့နဲ့ညှိနေတယ်ဗျ။ ဒါ့အပြင်ပုဒ်မ ၁၂၁ ပုဒ်မခွဲ (င) “နိုင်ငံခြားအစိုးရ၏
ကျေးဇူး သစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်
အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ”
ပုဒ်မခွဲ
(စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏
နိုင်ငံသားသော် လည်းကောင်း ခံစား ရသောအခွင့်အရေးများသို့မဟုတ်
ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ” စတဲ့ ပြဋ္ဌာန်းချက်တွေနဲ့
တားမြစ်ထားပြီးသားဖြစ်တယ်ဗျ။
ဒါကြောင့်
(ပတပ)တွေ ရွေးကောက်ပွဲဝင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ရွေးကောက်ပွဲဝင်ဖို့
စိတ်ကူးယဉ်မယ်ဆိုရင်တောင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ခုနကကျနော်တို့
ပြောခဲ့တဲ့ပုဒ်မတွေကို စိတ်ကူးထဲမှာ အရင်ပြင်ဆင်ထားရလိမ့်မယ်ဗျ။
ဒါ့အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းပြောထားတဲ့စကားရှိတယ်မဟုတ်လား။ (ပတပ) တွေကို
ခရီးရောက်မဆိုက်ပြောတဲ့ စကားလေ။
သြော်— မှတ်မိတယ်ဗျ။ “ခင်ဗျားတို့ကလည်း ကျွန်တော်တို့ သိက္ခာမကျအောင်
လုပ်ဆောင်ဖို့လိုပါတယ်။ တစ်ကိုယ်လုံး ဝင်ဖို့ဆိုတာတော့ ခက်ပါတယ်။ ဆန္ဒမစောပါနဲ့။ ဖြေးဖြေးချင်း
ခေါင်းအရင်ဝင်ပါ ပြီးမှ ကိုယ်လုံးဝင်ပါ”
ဒီတော့ဗျာ။ ဝန်ခံကတိပြုလက်မှတ်ရေးထိုးနိုင်တဲ့ (ပတပ) “ခေါင်း” တွေ အတွက်
(PR) ၅ နှစ်ရမယ်ဆိုတဲ့ သဘောပေါ့။ စည်း ကမ်းဖောက်ရင်လည်း ဖမ်းချုပ်ပြီး တိုင်းပြည်က
ချက်ချင်းနှင်ထုတ်လို့ရတာပဲလေ။
ပြည်ပရောက်အဖွဲ့အစည်းတွေကို
“ခေါင်း”နဲ့ “ကိုယ်” အိုးစားခွဲတဲ့နည်းတစ်ခုပေါ့ဗျာ။
တိုင်းရင်းသားအပစ်ရပ်အဖွဲ့တွေထဲက အသက် ၄၀ အထက်တွေကိုတပ်ကနေ ဖယ်ရှားပြီး
အောက်ချေကို “နယ်ခြားစောင့်တပ်” အဖြစ်ဖွဲ့ ခိုင်းပြီး ခေါင်းဖြတ်ပြီး ကိုယ်ယူတဲ့
နည်းမျိုးပါပဲဗျာ။
၂၀၁၂
ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို “အထူးသန့်သန့်ရှင်းရှင်း”
အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ခြင်း လို့ဆိုပါလားဗျ။ ဒီအချက်ကတော့ ဒီချုပ်က
ဥပဒေပညာရှင် ဦးဉာဏ်ဝင်းကို ငေါ့နေသလိုပဲနော်။ သူကတော့ “ဖရောင်းသုတ်တယ်”ဆိုပြီး
အခိုင်အမာ စွပ်စွဲခဲ့သေးတာပဲဗျ။ ဦးဉာဏ်ဝင်းလည်းဒီအချက်ကို ဒီလိုပဲ ကျိတ်မှိတ်ခံလိုက်တော့မယ်နဲ့တူပါတယ်။
ဒီချုပ်ဥက္ကဋ္ဌကို
အမေရိကန်လွှတ်တော်နဲ့ အခြားအဖွဲ့အစည်းတွေက ဆုတံဆိပ်တွေပေးတာနဲ့ပတ်သက်ပြီးလည်း သမ္မတ
ဦးသိန်းစိန်က “မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့် ကျွန်တော်
ဝမ်းမြောက်ဂုဏ်ယူပါတယ်”လို့ပြောသဗျ။ သမ္မတကြီးသူ့ကိုယ်သူ တယ်ပြီး နှိမ့်ချတာပဲနော်
သမ္မတတစ်ယောက်အနေနဲ့တောင်မဟုတ်ဘူး၊ “မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်”
တဲ့။ စဉ်းစဉ်းစားစား၊ ခွဲခွဲခြားခြား သုံးစွဲပြောဆိုတတ်တဲ့ သမ္မတကြီးပဲနော်။ ဟုတ်တယ်ဗျ။
ဒီချုပ်ဥက္ကဋ္ဌ လွှတ်တော်ထဲရောက်လာတာက စစ်အုပ်စုရဲ့ အောင်ပွဲခံ၊ အရောင်မထွက်တဲ့
ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) သရဖူကြီး အတွက် တလက်လက် အရောင်တင်ပေးနိုင်တဲ့
စိန်ပွင့်ကြီးတစ်ပွင့်တပ်ဆင်ပေးလိုက်နိုင်တဲ့ အဖြစ်မျိုး မဟုတ် လားဗျ။
ခင်ဗျား
“တို့မီးရှို့ မီးတွေ” ပြောနေတာလား။
မဟုတ်ရပါဘူးဗျာ။
တကယ်လည်းအဲဒီမဟုတ်လား။ ဒီချုပ်သာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ထဲမဝင်ဘူးဆိုရင်
ဘယ်လို ဖြစ်မလဲ ခင်ဗျားစဉ်းစားကြည့်ပါ။ အခုတော့ “စည်းကမ်းပြည့်ဝတဲ့
ဒီမိုကရေစီဟာ ပုဝါနှစ်စ အသာချနေနိုင်နေပြီ” လေ။ ဦးသိန်းစိန်
ကုလမိန့်ခွန်းထဲမှာ “စတင်ပုံဖေါ်နိုင်ခဲ့ပြီ” လို့ ပြောတဲ့ “နိုင်ငံရေးယဉ်ကျေးမှု
ဓလေ့သစ်” ဆိုတာ ဒါကိုပြောတာဖြစ်လိမ့်မယ်ဗျ။
-
စာပေစိစစ်ရေးကိုပယ်ဖျက်ပေးခြင်း ၊
အင်တာနက်လွတ်လပ်စွာအသုံးပြုခွင့်ပေးခြင်း ဆိုတာတွေကရောဗျာ။
ဒါတွေကတော့
မောင်ဝံသကို မေးရင် အဖြေတစ်မျိုးထွက်ပြီး၊ ဦးဝင်းတင် ကို မေးရင်
အဖြေတစ်မျိုးထွက်လိမ့်မယ်ဗျ။ ကိုဇော်သက်ထွေးကို မေးရင် တစ်မျိုးဖြေလိမ့်မယ်ထင်တယ်။
မီဒီယာလောကကို ထိထိမိမိ အကျိုးပြုနိုင်မယ့် မီဒီယာဥပဒေ မထွက်ပေါ် လာ
သေးပါဘူး။-
အလုပ်သမားနှင့်အလုပ်ရှင်အသင်းအဖွဲ့များဖွဲ့စည်းတည်ထောင်ခွင့်နှင့်
ပြည်သူများနိုင်ငံရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်း ဆိုတဲ့ အချက်ကတော့ လက်ပံတောင်း ကြေးနီစီမံကိန်းကို ဆန္ဒပြကြတဲ့
ဒေသခံတောင်သူလယ်သမားပြည်သူများနဲ့ ကချင်ပြည်နယ်က ထိုးစစ် ရပ်ဖို့
တပြည်လုံးငြိမ်းချမ်းရေးအတွက် (စက်တင်ဘာ ၂၁ ရက်)
ငြိမ်းချမ်းရေးဆန္ဒပြပွဲပြုလုပ်ခဲ့ကြတဲ့ ပြည်သူတွေကို ပေါ်တင်
စော်ကားလိုက်တဲ့အချက်ဖြစ်သလို၊ နိုင်ငံတကာစင်မြင့်ပေါ်ကနေ လိမ်ညာပြောဆိုလိုက်တဲ့
အချက်ဖြစ်တယ်ဆိုတာ လက်ပံတောင်းနယ် က ပြည်သူတွေနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့
ပြည်သူတစ်ရပ်လုံးက ရှင်းရှင်းလင်းလင်းသဘောပေါက်တယ်၊ သိပါတယ်ဗျ။ လက်ပံတောင်းကြေးနီစီမံကိန်းကို
ဆန္ဒပြခဲ့သူတွေကို ဖမ်းဆီးခဲ့တာ၊ ငြိမ်းချမ်းရေးဆန္ဒပြပွဲလှုပ်ရှားသူတွေကို
တရားစွဲနေတာ၊ ငြိမ်းချမ်းရေး ကျောက်တိုင်ကို ခိုးကြောင်ခိုးဝှက်ဖယ်ရှားပစ်ခဲ့တာတွေဟာ
ငြိမ်းချမ်းရေးလိုလားသူတွေရဲ့လုပ်ရပ်မှမဟုတ်ဘဲဗျ။ချုပ်ပြောရင်ရင် ဦးသိန်းစိန်ဟာ
ကုလစင်မြင့်ပေါ်ကနေ ဦးသန့်၊ ဒီချုပ်ဥက္ကဋ္ဌ တို့က အစ၊ (ပတပ) များအလယ် ၊ ပြစ်ဒဏ်ကျ
အကျဉ်းသားများအဆုံး” အားလုံးကို အသုံးချပြီး သူတို့အစိုးရကို သူတို့ အရောင်တင်သွားတယ်ဆိုတာ
ထင်ရှားနေပါတယ်ဗျာ။တရုတ်ပြည်တက္ကသိုလ်တစ်ခုက ဦးသိန်းစိန် ကို
ဆင်းရဲမှုပပြောက်ရေးဆောင်ရွက်မှုအတွက် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ပေးလိုက်တာကလည်း
ဆင်းရဲတွင်းနက်လှတဲ့ ကျနော်တို့ ပြည်သူတွေကို
လှောင်ပြောင်သရော်လိုက်တာလည်းဖြစ်ပါတယ်ဗျာ။
ဒါကြောင့် နောင်မှာ ဦးသိန်းစိန်အစိုးရက “ဂုဏ်ယူဖွယ် အားတက်ဖွယ်
ထင်ရှားတဲ့အောင်မြင်မှုတွေ” လို့အမည်တတ်ပြီး ပြောလာမယ့်ကိစ္စတွေကျနော်တို့
ခင်ဗျားတို့အနေနဲ့ တကယ့်အဖြစ်မှန်နဲ့ ဘယ်လောက်ကိုက်ညီမှုရှိ/မရှိဆိုတာ
လက်တွေ့ဖြစ်ရပ်တွေနဲ့ ချိန်ထိုး စိစစ်ကြည့်ရှုကြရမယ် မဟုတ်လား
No comments:
Post a Comment
Note: Only a member of this blog may post a comment.