အိမ်မဲ့ဘဝ
(ကျူးကျော်သူများသို့)
စားစရာမရှိတဲ့အချိန်
ကြုံခဲ့ဘူးတယ်
ဒါပေမဲ့ကျုပ်
ငတ်ပြီးမသေခဲ့ဘူး။
ဝတ်စရာအ၀တ်မရှိတဲ့အချိန်
ကြုံခဲ့ဘူးတယ်
ဒါပေမဲ့ကျုပ်
တိရိစ္ဆာန်လိုဖြစ်မသွားခဲ့ဘူး။
နေစရာမရှိတဲ့အချိန်
ကြုံခဲ့ဘူးတယ်
ဒါပေမဲ့ကျုပ်…ကျုပ်..ကျုပ်
အဲဒီအချိန်တော့
ဥပုသ်ဈေးခွေးတစ်ကောင်လို
ဘ၀ပျက်သွားခဲ့တယ်။
(မောင်သာမြား)
No comments:
Post a Comment
Note: Only a member of this blog may post a comment.