Wednesday, September 19, 2012

နှင်းဆီရဲ့နိဂုံး



နှင်းဆီ
တစ်ချိန်တုန်းကတော့
နင့်မှာစွဲမက်ဖွယ်အရောင်အသွေးတွေနဲ့ပေါ့။

နှင်းဆီ
တစ်ချိန်တုန်းကတော့၊
နင့်မှာရန်လိုတဲ့ဆူးတွေနဲ့ပေါ့။

နှင်းဆ
တစ်ချိန်တုန်းကတော့၊
နင့်မှာမှုးယစ်စေတဲ့ရနံ့ပြင်းပြင်းတွေနဲ့ပေါ့။

နှင်းဆ
တစ်ချိန်တုန်းကတော့၊
နင့်မှာဖမ်းစားနိုင်တဲ့အနုအလှတွေနဲ့ပေါ့။

နှင်းဆ
တစ်ချိန်တုန်းကတော့၊
နင့်မှာပြိုင်ဆိုင်မှုပြင်းထန်းတဲ့အသိုင်းအ၀န်းးတွေနဲ့ပေါ့။

သြော်…အခုတော့၊နှင်းဆီရေ…….
အမျှ၊ အမျှ၊ အမျှ

No comments:

Post a Comment

Note: Only a member of this blog may post a comment.